
၁။ Titlis cliff Walk, Switzerland
.jpg)
ကြောက်မက်ဖွယ်ကောင်းလှတဲ့ Titlis cliff Walk ကြိုးတံတားကြီးကတော့ ဆွစ်ဇာလန်နိုင်ငံ၊ Engelberg မှာတည်ရှိတာဖြစ်ပါတယ်။ အမြင့်ပေ ၁ သောင်းကျော်မှာတည်ရှိပြီး အရှည်အလျား ပေ သုံးရာ ရှိပါတယ်။
၂။ Peak Walk, Switzerlang
.jpg)
Peak Walk ကတော့ ဆွစ်ဇာလန်နိုင်ငံ Canton of Vaud မှာတည်ရှိပါတယ်။ အမြင့်ပေ ၉ထောင့် ၈ရာမှာ တည်ရှိပြီး အလျား ၃၅၂ ပေရှည်လျားပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီတံတားကို လာရောက်လည်ပတ်သူတွေအများအပြားရှိလို့နေပါတယ်။
၃။ Langkawi Sky Bridge, Malaysia
.jpg)
မလေးရှားနိုင်ငံမှာတည်ရှိတဲ့ Langkawi ကောင်းကင်တံတားကိုလဲလာရောက်လည်ပတ်သူတွေအများအပြားရှိနေပါတယ်။ ဒီတံတားဟာ Chinchang တောင်ထိပ်မှာတည်ရှိပြီး အမြင့်ပေ ၂၁၆၅ ပေမှာတည်ရှိတာဖြစ်ပါတယ်။ အရှည်အလျားကတော့ ပေပေါင်း ၄၁၀ ရှိပါတယ်။
၄။ Hanging Bridge of Ghasa, Nepal
.jpg)
နီပေါနိုင်ငံ တောတွင်းတစ်နေရာမှာတည်ရှိနေတဲ့ Hanging Bridge ကိုလာရောက်လည်ပတ်သူအများအပြားရှိလာပါတယ်။အမြင့်ပေ ၁၁၂၅ ရှိပြီးတံတားလက်ရမ်းတွေက အင်မတန်မှ နိမ့်နေတာကိုတွေ့မြင်ရမှာပါ။ အရှည်အလျားကတော့ ၈၀၇၀ ပေရှည်ပါတယ်။
၅။ Zhangjiajie Bridge, China
.jpg)
Zhangjiajie တံတားကတော့ ဖန်သားနဲ့ပြုလုပ်ထားပြီး အောက်မှာတည်ရှိတဲ့အရာတွေအကုန်လုံးကိုအတိုင်းသားမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ အမြင့်ပေ ၉၈၄ မှာတည်ရှိပြီး အရှည်အလျား ၁၄၁၀ ရှည်လျားပါတယ်။
၆။ Royal Gorge Bridge, Colorado
.jpg)
အမေရိကန် Colorado မှာတည်ရှိတဲ့ Royal Gorge တံတားကတော့ သမိုင်းဝင်တံတားတစ်ခုပဲဖြစ်ပါတယ်။ ကြည့်ရှုရုံနဲ့တင်ကြောက်မက်ဖွယ်ကောင်းတာကြောင့် စိတ်ဝင်တစားလာရောက်လည်ပတ်သူတွေလဲအများအပြားပါ။ အမြင့်ပေ ၉၆၉ မှာတည်ရှိပြီး အကျယ်အလျား ၁၂၆၀ ပေရှိပါတယ်။
၇။ Soshi Sky Bridge, Russia
.jpg)
Soshi ကောင်းကင်တံတားကတော့ ရုရှားရဲ့ နာမည်အကြီးဆုံး တံတားတစ်စင်းပါ။ အမြင့်ပေ ၆၇၉ မှာတည်ရှိပြီး ၁၄၄၀ အလျားရှိပါတယ်။
၈။ Suspension Glass Bridge, China
.jpg)
ဒီတံတားကတော့ Shiniuzhui National Geological Park မှာတည်ရှိပြီး အောက်ကို ထိုးထွင်းမြင်နိုင်တဲ့ဖန်တံတားပဲဖြစ်ပါတယ်။ အမြင့်ပေ ၅၉၀ မှာတည်ရှိပြီး အရှည်အလျား ၉၈၄ ရှိပါတယ်။
၉။ Kokonoe Ume Bridge , Japan
.jpg)
Kokonoe Ume တံတားကတော့ Oita, Japan မှာတည်ရှိပြီး အမြင့်ပေ ၅၆၈ အထက်မှာ တည်ဆောင်ထားတာဖြစ်ပါတယ်။ အရှည်အလျားပေါင်း ၁၂၈၀ ပေရှည်လျားပါတယ်။
၁၀။ The Kusma Gyadi Suspension Bridge, Nepal
.jpg)
comment