1. Home
  2. Movie Stars - Celebrity

သူ့ထက်အသက် (၃၀) ကျော်ငယ်တဲ့ချစ်သူကောင်မလေးနဲ့ တွဲခုတ်နေတဲ့ Johnny Depp

Movie Stars - Celebrity เม.ย. 29, 2562 view 1,780

နာမည်ကျော် ပင်လယ်ဓားပြမင်းသားကြီး Johnny Depp ဟာ ဇနီးဟောင်း Amber Heard နဲ့ကွာရှင်းအပြီး အချစ်သစ်တွေ့ရှိသွားပြီပဲဖြစ်ပါတယ်။ Jack Sparrow မင်းသားကြီးရဲ့ နှလုံးသားကို အရည်ပျော်ကျသွားစေတဲ့ သူမကတော့ ရှရှား အကဆရာမလေး Polina Glen ပဲဖြစ်ပါတယ်။ Polina Glen ဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက အကသမား(dancer) တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Polina Glen ဟာသူမဘဝကို ဇာတိမြို့ St Petersburg မှာ နိုက်ကလပ် ဖျော်ဖြေသူတစ်ယောက်အဖြစ်စတင်ခဲ့ပါတယ်။ ထိုအချိန်တုန်းက Glen တစ်ယောက် အသက် (၁၇) နှစ်သာရှိပါသေးတယ်။ Glen ဟာကျောင်းထွက်ပြီး အလှမယ်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကနေ ယူရိုပေါင် ၁၂၀၀ ဆုရရှိခဲ့ပြီး သူမကိုယ်ပိုင်အကသင်တန်းကျောင်းကိုဖွင့်လှစ်ခဲ့ပါတယ်။

ဘဝကြမ်းခဲ့ပေမယ့် အရှုံးမပေးခဲ့တဲ့ သူမဘဝကစိတ်ဝင်စားစရာပါ။ Miss Glen ဟာရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ပြီး ထွန်းပေါက်အောင်မြင်လိုသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အသက် (၁၇) နှစ်အရွယ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူပြီ ဝမ်းစာရှာဖွေသူတစ်ဦးဖြစ်တယ်လို့ သူမသူငယ်ချင်းတစ်ဦးကပြောလာပါတယ်။

လက်ရှိမှာတော့ Glen ဟာအသက် ၂၃ နှစ်ရှိပြီဖြစ်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခန့်က အမေရိကကို ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်ပြီး dancer တစ်ယောက်အနေနဲ့ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ Miss Glen နဲ့ ပင်လယ်ပျော်မင်းသားကြီးတို့ဟာ ပြီးခဲ့တဲ့နှစ် လော့စ်အိန်ဂျလိစ်မြို့က ပါတီပွဲတစ်ခုမှာတွေ့ဆုံခဲ့ကြပြီး ချစ်ကြိုးသွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Johnny Depp ကတော့ လက်ရှိမှာ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး ချစ်သူကောင်မလေး Miss Glen နဲ့ အသက် ၃၂ နှစ်တိတိကွာပါတယ်။ Johnny Depp ဟာလက်ရှိမှာ ဇနီးဟောင်း Amber Heard ကိုညှင်းပန်းနှိပ်စက်မှုနဲ့ အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

(ပိုပိုလေး)

 

 



Follow us on