1. Home
  2. Special or Others

သြစတေးလျနိုင်ငံတွင် ကြောင်များကို သတ်ပစ်ပြီးမျိုးတုန်းစေဖို့ ဝန်ကြီးချုပ်အမိန့်ထုတ်ပြန်

Special or Others เม.ย. 30, 2562 view 2,653
သြစတေးလျနိုင်ငံအစိုးရဟာ ၂၀၁၅ ခုနှစ်မှာ တောကြောင်တွေကို သတ်ပစ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တောကြောင်တွေကို အပြတ်ရှင်းဖို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားအချိန်အပိုင်းအခြားတစ်ခုကိုပေးထားခဲ့ပြီး အရေအတွက် ၂ သန်းခန့် သတ်ပစ်နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။ New York Times ရဲ့ ဖော်ပြချက်အရ တောကြောင်တွေဟာ တောတွင်းမှာရှိတဲ့ ရှားပါးမျိုးစိတ်သတ္တဝါတွေကို သတ်ပစ်တာကြောင့် မျိုးတုန်းပြီး အပြတ်ရှင်းဖို့ သြစတေးလျဝန်ကြီးချုပ်ဟောင်း Josh Frydenberg က စာလွှာထုတ်ပြန်ခဲ့ပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

တောကြောင်တွေကို သတ်ပစ်ဖို့ ပထမဦးဆုံး အဆိုအမိန့်ထုတ်ပြန်ပြီးနောက် တစ်နှစ်အကြာမှာ ကြောင်အရေအတွက် ၂ သိန်း ၁သောင်းကျော်ခန့်ကိုသတ်နိုင်ခဲ့ပါတယ်။

ရဲဋ္ဌာနတွေက ကြောင်တွေကို ထောင်ချောက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပြီး ကြက်အူချောင်းများတွင် အဆိပ်များထည့်ကာ ကျွေးခြင်းဖြင့်လဲ  သတ်ဖြတ်ခဲ့ကြပါတယ်။

သြစတေးလျရဲများဟာ ကြောင်များကို 1080 အမည်ရတဲ့အဆိပ်တစ်မျိုး ကြက်အူချောင်းများတွင်ထည့်ပြီး ချကျွေးခဲ့ကြပါတယ်။ 1080 အဆိပ်ဟာကြောင်တွေကို သေစေနိုင်ဖို့ ၁၅ မိနစ်သာကြာပါတယ်။ ကြောင်များကို ကြက်အူချောင်းကျွေးပြီး သတ်ခြင်းဟာ အောင်မြင်တယ်လို့ ဆိုရမှာပါပဲ ကြောင်ပေါင်း ၁၇၀၀ ကို သတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ The time ရဲ့ ဖော်ပြချက်အရ လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာ ကြောင်မျိုးနွယ် မျိုးတုန်းလုနီးဖြစ်နေပြီလို့ သိရပါတယ်။

(ပိုပိုေလး)

 

 

 

 



Follow us on