1. Home
  2. Movie Stars - Celebrity

ကမ္ဘာ့အလှဆုံး နံပါတ်(၁)အမျိုးသမီးဖြစ်လာတဲ့ဖိလစ်ပိုင်မင်းသမီးလေး Liza Soberano

Movie Stars - Celebrity เม.ย. 30, 2562 view 2,209

ဖိလစ်ပိုင် မင်းသမီးလေး Liza Soberno ကတော့ မြန်မာပရိတ်သတ်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား မင်းသမီးတစ်ယောက်ပါ။ “My Ex and Why” ဇာတ်ကားနဲ့ မြန်မာပြည်မှာလူကြိုက်များလာခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာ အတူပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Enrique နဲ့ Liza တို့ဟာ တကယ့်လက်တွေ့ဘဝမှာလဲ ချစ်သူတွေဖြစ်ကြပါတယ်။ Liza ဟာပြီးခဲ့တဲ့ ရက်ပိုင်း အနည်းက Starmometer ကရွေးချယ်လိုက်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Starmometer ဟာ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ voting စနစ်နဲ့ ကမ္ဘာ့အလှဆုံး ဆန်ကာတင်အမျိုးသမီး(၁၀) ဦးကိုရွေးချယ်ခဲ့ရာ Liza Soberno ကပထမချိတ်ခဲ့ပါတယ်။

Liza ဟာ ဖိလစ်ပိုင်ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အခုမှ အသက် ၂၁ နှစ်သာရှိသေးပါတယ်။ သူမရဲ့ချစ်သူ Enrique Gil ကတော့ ဒီနှစ်ထဲမှာ ၂၇ နှစ်ရှိပြီပဲဖြစ်ပါတယ်။

Liza နဲ့ Enriuqe လိုက်ဖက်လှတဲ့ စုံတွဲလေးကို ချစ်ခင်ကြတဲ့ ပရိတ်သတ်တွေကလဲ အများအပြားပါပဲ။ Liza တစ်ယောက် ကမ္ဘာ့အလှဆုံး အမျိုးသမီးတစ်ယောက်အဖြစ် ရွေးချယ်ခံလိုက်ရတာ သူ့ပရိတ်သတ်တွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ Liza တစ်ယောက် ဒီလိုအမြဲလှနေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သူ့ချစ်သူ Enrique က သူမကို အမြဲတစေ ချစ်ပေး၊ ဂရုစိုက်ပေးနေတာတွေကြောင့်၊ စိတ်ချမ်းသာပြီး လှနေသလား လို့ပြောရမှာပါပဲ။

(ပိုပိုလေး)

 

 

 



Follow us on