1. Home
  2. Movie Stars - Celebrity

BTS ကိုကျော်ပြီး ပရိတ်သတ်အပေါ် လွှမ်းမိုးမှုအများဆုံး ကေပေါ့ပ်အဖွဲ့ဖြစ်လာတဲ့ Blackpink

Movie Stars - Celebrity เม.ย. 30, 2562 view 1,901

တောင်ကိုရီးယား နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ blackpink ဟာဆိုရင် အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့ပါပြီ။ ကေပေါ့ပ် လောကမှာဟောလိဝုဒ်အထိပေါက်မြောက်အောင်မြင်တဲ့ အဖွဲ့ နှစ်ဖွဲ့ကတော့ Blackpink နဲ့ BTS ပဲဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ကေပေါ့ပ် မိန်းကလေးအဆိုတော်အဖွဲ့တွေမှာ ထိပ်ဆုံးအဖွဲ့သုံးဖွဲ့ဆိုပြီးရှိပါတယ်။ သူတို့ကတော့ Blackpink, twice ,red velvet တို့ပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ blackpink မတိုင်မီ ထိပ်ဆုံးရောက်ခဲ့တဲ့ အဖွဲ့ကတော့ BTS ပါပဲ။ BTS ဟာ Billboard Music Award ရရှိပြီး Worldwide အောင်မြင်နိုင်ခဲ့ပါတယ်။

BTS ရဲ့ အင်စတာဂရမ် ပေ့ခ်ျဖြစ်တဲ့ bts.bighitofficial  ဟာ followers ပေါင်း 17.2 သန်းရရှိထားပြီး Blackpink က follwers 17.9 သန်းနဲ့ BTS ကိုကျော်တက်သွားပါတယ်။

ဒါတင်မက blackpink အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အင်စတာဂရမ်အကောင့်များမှာလဲ followers တွေ သန်းချီရှိလို့နေပါတယ်။ အဖွဲ့ဝင် Lisa ဟာ followers ပေါင်း 18.6 သန်းနဲ့ အများဆုံး follwers ရရှိထားတဲ့ ကေပေါ့ပ်အိုက်ဒေါ တစ်ယောက်ဖြစ်လာပါတယ်။ Jennie က 16.1 သန်း Rose’ က 14.2 သန်း၊ Jisoo က 13.6 သန်း အစရှိသဖြင့် သန်းပေါင်းများစွာသော ပရိတ်သတ်တွေရရှိထားကြပါတယ်။

BTS နဲ့ Blackpink ကဲ့သို့အောင်မြင်တဲ့အခြား ကေပေါ့ပ်အဆိုတော်အဖွဲ့တွေကတော့ Twice, Taeyeon, g-dragon, IU နဲ့ Wanna One တို့ပဲဖြစ်ကြပါတယ်။ လက်ရှိမှာ Blackpink ဟာ အလွှမ်းမိုးနိုင်ဆုံး ကေပေါ့ပ်အဆိုတော်အဖွဲ့အဖြစ် Forbes မှာဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ Blinks လေးတွေအတွက် ဂုဏ်ယူစရာပါပဲနော်။

(ပိုပိုလေး)

 



Follow us on