1. Home
  2. Movie Stars - Celebrity

ကျားတစ်ကောင်လို အားမာန်မျိုးနဲ့ ဘောက်ဆင်ထိုးလေ့ကျင့်နေတဲ့ နေခြည်ဦး Video

Movie Stars - Celebrity พ.ค. 02, 2562 view 1,998

ပြည်သူချစ် Beauty Blogger တစ်ဦးလဲဖြစ်၊ နိုင်ငံကျော် မော်ဒယ် မင်းသမီး တစ်ယောက်လဲဖြစ်တဲ့ နေခြည်ဦးကတော့ ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ ရုပ်ချော၊ သဘောကောင်းပြီး လူအများအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့ ခြည်ခြည်ဟာ ရှေးဘဝပေးကုသိုလ်ကံ ကောင်းခဲ့သူတစ်ဦးပါပဲ။ အရာရာပြီးပြည့်စုံနေသလို သူမကို အရိပ်တကြည့်ကြည့်ချစ်ပေးတဲ့ ချစ်သူတစ်ဦးကိုလဲပိုင်ဆိုင်ထားပါသေးတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ခြည်ခြည်ဟာ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ မိန်းကလေးတွေကို ဦးဆောင်နိုင်ဖို့၊ မရှက်မရွံ့ရှိစေဖို့ အမြဲ သတိပေးသူတစ်ဦးဆိုလဲမမှားပါဘူး။ မိန်းကလေးတွေအတွက် Role Model တစ်ဦးဖြစ်လာပြီး women power ကို ကောင်းကောင်းအသုံးချတတ်တဲ့ ခြည်ခြည်ပါပဲ။

ဒီလို မိန်းကလေးတွေ အားကျရတဲ့ခြည်ခြည်ဟာ ပိုပိုပြီး အားကျအောင်လုပ်လိုက်ပြန်ပါပြီ။ ခြည်ခြည်ဟာ လတ်တလောမှာ ဘောက်ဆင်ထိုးလေ့လာသင်ယူနေပုံပါပဲ။ သူမရဲ့ Mystory မှာ နည်းပြနဲ့ အတူ ဘောက်ဆင်ထိုးလေ့ကျင့်နေတာကို တင်ခဲ့ပါတယ်။ ခြည်ခြည်ဟာ မိန်းမတစ်ယောက်ဖြစ်ပေမဲ့ ဘောက်ဆင်ထိုးတဲ့ နေရာမှာတော့ ကျားတစ်ကောင်လို အားမာန်အပြည့်ပါ။ မိန်းမတွေလဲ ကြိုးစားရင် အင်အားကြီးနိုင်တယ်၊ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ ခြည်ခြည်က သက်သေပြလိုက်ပါပြီ။ ခြည့်ရဲ့ ဘောက်ဆင်ထိုးလေ့ကျင့်နေတဲ့ ဗွီဒီယိုကို ကြည့်ရှုခံစားအားပေးလိုက်ပါဦးပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)



Follow us on