1. Home
  2. Movie Stars - Celebrity

အင်စတာဂရမ်မှာ Blackpink Lisa ကို follow လုပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

Movie Stars - Celebrity พ.ค. 02, 2562 view 1,653

ကမ္ဘာကျော် ကနေဒီယန်အဆိုတော် ဂျက်စတင်ဘီဘာဟာ ဆိုရင် အသက် (၁၂) နှစ် ကောင်လေးအရွယ်ကတည်းက တစ်ကမ္ဘာလုံးသိ အောင်မြင်ကျော်ကြားလာသူတစ်ဦးပဲဖြစ်ပါတယ်။ ဂျက်စတင်ဟာဆိုရင် လက်ရှိမှာ ဇနီးသည် ဟေးလီဘီဘာနဲ့အတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂျက်စတင်ဟာ “Drew” ကိုယ်ပိုင် ကုန်ပစ္စည်း ထုတ်လုပ်နေပြီပဲဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

လတ်တလော အမေရိကမှာ Coachella ဂီတာဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ ပွဲမှာ တောင်ကိုးရီးယားကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ကလဲလာရောက်ဖျော်ဖြေခဲ့ပါတယ်။ Blackpink ဟာ ဟောလိဝုဒ်အဆိုတော်တွေနဲ့ ရင်းနှီးမှုရယူနိုင်ခဲ့ပြီး Kanye West ရဲ့ Sunday Service ကိုတက်ရောက်ခဲ့ပါတယ်။

Sunday Service ပါတီမှာ Blackpink အဖွဲ့ဟာ ရက်ပ်ပါ Jaden Smith နဲ့ အတူကခုန်နေခဲ့တာဖြစ်ပါတယ်။ Jaden ဆွဲထားတဲ့ လည်ဆွဲက ဂျက်စတင် ထုတ်လုပ်တဲ့ Drew တံဆိပ်ဖြစ်နေတာကြောင့် ဂျက်စတင်က သူ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ရာကမထင်မှတ်ပဲ ပုံထဲမှာ blackpink အဖွဲ့ဝင် Lisa ပါဝင်နေတာပဲဖြစ်ပါတယ်။

ဂျက်စတင် အင်စတာဂရမ်မှာပုံတင်ပြီးနောက် ပုံထဲမှာ Lisa ပါနေတာကိုသတိပြုမိသွားပုံပါပဲ။ Lisa ရဲ့ အင်စတာဂရမ်အကောင့်ဖြစ်တဲ့ lalalalisa_m ကို follow လုပ်ခဲ့ပါတယ်။

အခုဆိုရင်တော့ ပရိတ်သတ်တွေက ဘီဘာနဲ့ blackpink ဘယ်တော့များ သီချင်းအတူ ဆိုကြမလဲ ဆိုပြီးမျှော်လင့်နေကြပါပြီ။

(ပိုပိုလေး)



Follow us on