တောင်ကိုးရီးယား နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ မစ်ကီယူချန်းဟာ မူးယစ်ဆေး သုံးစွဲမှုနဲ့ပတ်သတ်ပြီး ရုံးတော်မှာ အမှုဖွင့်စစ်ဆေးခဲ့ခဲ့ရပါတယ်။ ယူချန်းကို ရဲများက ဒီမတိုင်ခင် မူးယစ်ဆေး သံသယရှိမှုနဲ့ စစ်ဆေးခဲ့ပေမဲ့ Negative ပြနေခဲ့ပါတယ်။ ဒါပေမဲ့ ရဲများက မသင်္ကာလို့ နောက်တစ်ခေါက် ပတ်ယူချန်းအိမ်သို့ ဝင်ရောက်စီးနင်းပြီး ခြေသလုံးမွေးကိုယူကာ စစ်ဆေးကြည့်တဲ့အခါမှာတော့ မူးယစ်သုံးစွဲထားကြောင်း အဖြေ positve ထွက်လာခဲ့ပါတယ်။ သက်သေနှင့်တကွ Philopon အမည်ရ မူးယစ်ဆေး သုံးစွဲခဲ့ကြောင်းဖမ်းမိခဲ့ပေမယ့် ပတ်ယူချန်းကတော့ ဆက်လက်ငြင်းဆိုနေခဲ့ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Gyeonggi Nambu ရဲစခန်း သတင်းထုတ်ပြန်ချက်အရ ပတ်ယူချန်းဟာ ဧပြီ ၂၉ ရုံးချိန်း တက်ရောက်ခဲ့ပြီး တရားရုံးမှာ အမှန်အတိုင်းထွက်ဆိုလာပါတယ်။ “ကျွန်တော် ဝန်ခံရမှာကြောက်နေခဲ့တာ လက်ခံသင့်တာတွေ အကုန်လက်ခံပြီး ပရိတ်သတ်ကြီးကို တောင်းပန်သွားမှာပါ ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။
ဧပြီလ အစောပိုင်းမှာ ပတ်ယူချန်းရဲ့ ရည်းစားဟောင်း Hwang Hana ဟာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုနဲ့ စစ်ဆေးခံခဲ့ရပြီး သူမက ပတ်ယူချန်းနဲ့ အတူ သုံးစွဲခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အခုလက်ရှိ ပတ်ယူချန်းရဲ့ ထွက်ဆိုချက်ကတော့ သူဟာ တစ်ချိန်က စေ့စပ်ခဲ့ဖူးတဲ့ Hwang Hana နဲ့ တွေ့ဆုံပြီးတဲ့ အချိန်ကစလို့ မူးယစ်ဆေး စသုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စရဲ့ အရင်းအမြစ်ကို ရဲများက ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Hwang Hana နဲ့ ပတ်ယူချန်းတို့ ဟာ ပြီးခဲ့တဲ့ မေ၊ ၂၀၁၈ မှာ သမီးရည်းစားချင်း တွေ့ဆုံဖို့ အချိန်မပေးနိုင်တာကြောင့် လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။
(ပိုပိုလေး)