1. Home
  2. Special or Others

ကသာမြို့တွင် သုံးဘီးဆိုင်ကယ်ရှေ့ လှဲချပြီး သေကြောင်းကြံမှုဖြစ်ပွား (ရုပ်သံ)

Special or Others พ.ค. 02, 2562 view 1,475
ကသာမြို့ မီးပွိုင့်လမ်းဆုံအနီးမှာ ကလေးတစ်ယောက်ကို လက်ဆွဲပြီး လမ်းဖြတ်ကူးဖို့ လုပ်နေတဲ့ အမျိုးသားတစ်ယောက်ဟာ ဖြတ်မောင်းလာတဲ့ သုံးဘီးကယ်ရီဆိုင်ကယ် တစ်စီးရဲ့ ရှေ့ကို ဝမ်းလျားမှောက်ပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။
 
အဆိုပါစီစီတီဗီရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး တမင် သေကြောင်းကြံစည်တာလား၊ အကြံအဖန်ယာဉ်တိုက်မှုဖြစ်အောင် ဖန်တီးတာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 
 
သတိရှိလွန်းတဲ့ သုံးဘီးဆိုင်ကယ်သမားကြောင့် ဦးခေါင်းကိုကြိတ်မိတော့မယ့်စဲစဲမှာ ဆိုင်ကယ်ရပ်တန့်သွားခဲ့ပါတယ်။ ဒီအချိန်မှာ သူလက်ဆွဲပြီးထားခဲ့တဲ့ ကလေးက ပြေးလာပြီး ထူပေမယ့် အမျိုးသားကတော့ ထမရပ်ပဲ ပက်လက်လှန်အနေအထားပြောင်းလိုက်တာကို တွေ့ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
စီးပွားရေး ကြပ်တည်းလို့ သေရေးထက် နေရေးခက်တယ်ဆိုရင်လည်း ကိုယ့်ရဲ့လုပ်ရပ်ကြောင့် အခြားသူတစ်ဦးရဲ့ ဘဝပါပျက်အောင် သေကြောင်းမကြံသင့်ဘူးလို့ ဝေဖန်ထားကြတာကိုတွေ့ရပါတယ်။
 
သတင်းရုပ်သံ - Steven Zaya

 



Follow us on