1. Home
  2. Movie Stars - Celebrity

မူးယစ်ကြောင့် ထောင် ဒဏ်(၁၅) နှစ် ကျနိုင်ချေရှိတဲ့ မစ်ကီယူချန်း

Movie Stars - Celebrity พ.ค. 03, 2562 view 1,507

တောင်ကိုးရီးယား နာမည်ကျော်သရုပ်ဆောင် မစ်ကီယူချန်းဟာ Philopon ဆေးသုံးစွဲမှုဖြင့် တရားရုံးမှ ဆင့်ခေါ်စစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။ မစ်ကီယူချန်းဟာ ရည်းစားဟောင်း Hwang Hana နဲ့ ပြန်လည် တွေ့ဆုံတဲ့အချိန်ကစပြီး မူးယစ်ဆေး သုံးစွဲမိတယ်လို့ ထွက်ဆိုထားပါတယ်။ Hwang Hana ကတော့ မူးယစ်ရောင်းဝယ် ဖောက်ကား သုံးစွဲမှုနဲ့ ရဲလက်မှာ စစ်ဆေးခံနေရသူတစ်ဦးပါ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

တရားရုံးမှ ပတ်ယူချန်းကို ဘယ်လို စီရင်ချက်ချမှတ်မလဲဆိုတာ ပတ်ယူချန်းရဲ့ ရှေ့နေ Kimm Hee Joon က ပြောကြားလာပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူတစ်ဦးဟာ အနည်းဆုံး ထောင်ဒဏ် (၅) နှစ်နှင့်အထက်ကျခံရမှာဖြစ်ပြီး ပတ်ယူချန်းက အပြင်းအထန်တားမြစ်ထားတဲ့ Philopon ဆေးကို အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့် ၇ နှစ်ခွဲ ကျခံရမည်ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ပတ်ယူချန်းဟာ ဆေးသုံးစွဲခြင်းနဲ့ Hwang Hana နဲ့ တွေ့ဆုံခဲ့ကြောင်း ဝန်ခံထားတာဖြစ်တဲ့အတွက် ပတ်ယူချန်းကို မူးယစ်ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်မှုရှိမရှိစစ်ဆေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပတ်ယူချန်း ထောင်ဒဏ်ကျခံရမယ့် နှစ်အရေအတွက်ကို ရှေ့နေမှ ၁၅ နှစ်ဟု ခန့်မှန်းထားပြီး အမှန်အတိုင်းဝန်ခံထားတဲ့ အချက်တွေရှိတာကြောင့် လျော့ရက်တောင်းခံသွားမှာဖြစ်ပြီး ၁၀ နှစ် ဟု ပြန်လည်ခန့်မှန်းထားပါတယ်။

ပတ်ယူချန်းဟာ လတ်တလော Gyeonggido တရားရုံးမှာဆက်လက်စစ်ဆေးခံနေရပြီး အကျဉ်းထောင်အတွင်းထိန်းသိမ်းခြင်း ခံထားရတာပဲဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on