X-ray ဖြင့်စစ်ဆေးချက်အရ Juvenile မြွေအမျိုးအစားဖြစ်ပြီး အရှည်အားဖြင့် ၄၀ စင်တီမီတာ ရှည်လျားပါတယ်။ ပုံမှန်အားဖြင့် ခေါင်းနှစ်လုံးရှိတဲ့ မြွေကိုသာ တွေ့မြင်ရတာဖြစ်ပြီး ဦးခေါင်းတစ်လုံးထဲမှာ မျက်စိ တစ်လုံးအပိုပါတဲ့မြွေကို တွေ့ရှိတာ ဒီတစ်ခါ ပထမဦးဆုံးဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ပြောကြားထားပါတယ်။
ဘသာဝပတ်ဝန်းကျင် ပုံမှန်ထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ တွားသွားသတ္တဝါ အချို့ ရှိရင်းစွဲနမူနာပုံစံကနေ ပြောင်းလဲတတ်ကြောင်း တိရစ္ဆာန်ဗေဒ နားလည်သူများက ပြောလာပါတယ်။ အဆိုပါ မျက်စိသုံးလုံးပါတဲ့ မြွေကိုတွေ့ရှိခြင်းဟာ သဘာဝပတ်ဝန်းကျင်မှာ အပင်တွေနည်းပါးလာပြီး ခြောက်သွေ့မှုများပြားလာတဲ့ လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။