တောင်ကိုးရီးယား နာမည်ကျော်သရုပ်ဆောင် ပတ်ယူချန်းနဲ့ ရည်းစားဟောင်း Hwang Hana တို့ဟာ မူးယစ်ဆေးသုံးစွဲမှုဖြင့် လတ်တလော တရာရုံးမှာအစစ်ဆေးခံနေရတာပဲဖြစ်ပါတယ်။ ပတ်ယူချန်းနဲ့ Hwang Hana တို့ဟာ အများအမြင်မှာ နှစ်ဦးသဘောသူ ချစ်ကြိုက်ခဲ့တဲ့ ပုံစံပေါက်နေပေမဲ့ အမှန်တရားကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ ဒီကိစ္စရဲ့ အမှန်တရားကို ပတ်ယူချန်းရဲ့ ဆွေမျိုးတစ်ယောက်က ထုတ်ဖော်ပြောကြားလာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
Hwang Hana ဟာပတ်ယူချန်းနဲ့ စေ့စပ်ဖူးသူမိန်းကလေး တစ်ဦးဖြစ်ခဲ့ပြီး ပတ်ယူချန်း မိဘဆွေမျိုးတွေနဲ့ ရင်းနှီးသူတစ်ဦးလဲဖြစ်ပါတယ်။ “သူဘယ်မှာလဲ ခုချက်ချင်းသူ့ကို ရှာပြီး ငါ့ဆီခေါ်လာခဲ့ မခေါ်လာရင် သူဘာမှမဝတ်ထားတဲ့ ပုံတွေ အင်တာနက်ပေါ်ရောက်သွားစေရမယ်” ဆိုပြီး ပတ်ယူချန်းဆွေမျိုးထဲကတစ်ယောက်ကို ခြိမ်းခြောက်ခဲ့ကြောင်း ပြောကြားလာပါတယ်။
ပတ်ယူချန်းဆွေမျိုးဟာ သူတို့နှစ်ဦးကို အမှန်တကယ်ချစ်ကြိုက်တဲ့ သမီးရည်းစားတွေလို့ ထင်မှတ်ခဲ့ပေမဲ့ Hwang Hana ရဲ့ ခြိမ်းခြောက်မှုတွေကို ယူချန်းတစ်ယောက် ကြောက်နေရမယ်လို့တော့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။
“ကျွန်မတို့လဲ သတင်းကြားကြားချင်း လန့်သွားခဲ့တာပါပဲ ယူချန်းဟာ ဒီလိုလုပ်မယ့်လူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ဆေးစစ်ချက်မှာ positive ဖြစ်နေတာတော့ အမှန်တကယ်ပဲအံ့သြမိတယ်။” ဆိုပြီးပြောလာပါတယ်။
တောင်ကိုးရီးယားရှိ Kim Eun Mi အမည်ရတဲ့ ဆေးသိပ္ပံပညာရှင်တစ်ဦးကလဲ “အကယ်၍ ယောင်္ကျားတစ်ဦးဟာ မူးယစ်ဆေးသုံးစွဲထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အတူအိပ်ပြီး လိင်ဆက်ဆံခဲ့တယ်ဆိုရင် Semen ကနေ တစ်ဆင့်ကူးနိုင်တာကြောင့် ဆေးစစ်ချက်မှာ positive အဖြေထွက်နိုင်ကြောင်း ” ပြောကြားလာပါတယ်။
source- koreaboo
(ပိုပိုလေး)