1. Home
  2. Movie Stars - Celebrity

တောင်ကိုးရီးယားနိုင်ငံတွင် End game ကြည့်ဖို့အတွက် စစ်တပ်မှ တပ်သားတစ်ဦးထွက်ပြေး

Movie Stars - Celebrity พ.ค. 06, 2562 view 1,451

လတ်တလော ရုံတင်ပြသနေတဲ့ Marvel ရုပ်ရှင်စီးရီး Avengers: End game ဟာဆိုရင် လူကြိုက်များကျော်ကြားနေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ် များပြားတာကြောင့် End game နဲ့ပတ်သတ်ပြီး spoiler မိမှာစိုးရိမ်ခဲ့ကြပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှ လေတပ်မှာ အမှုထမ်းနေတဲ့ စစ်သားတစ်ဦးဟာ Endgame spoiler မမိခင် ဇာတ်ကားကြည့်ချင်တဲ့အတွက် စစ်တပ်မှထွက်ပြေးခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေအရ အမှုထမ်းနေစဉ်အတောအတွင်း စစ်သားများဟာ အပြင်ကိုထွက်ခွင့်မရှိပါဘူး။ နေ့ထူးနေ့မြတ် ပိတ်ရက်ပေးမှသာအပြင်သို့ ထွက်ခွင့်ရှိတာဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

တောင်ကိုးရီးယား အမှုထမ်းစစ်သားများဟာ ခါတိုင်းမှာလဲ စစ်တပ်ရဲ့ တင်းကြပ်တဲ့ဒဏ်တွေကိုမခံနိုင်တာကြောင့် ထွက်ပြေးကြတာမျိုးတွေရှိကြပါတယ်။ စစ်မှုထမ်းနေစဉ်ထွက်ပြေးတာဟာ နိုင်ငံတော်သစ္စာဖောက်မှု မြောက်တာကြောင့် တရားဥပဒေအရ ဖမ်းချုပ်စစ်ဆေးခံရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ တောင်ကိုးရီးယား လေတပ် အကြီးတန်းအရာရှိများဟာ အမှတ် ၂၀ ကိုကိုင်ဆောင်ထားတဲ့ စစ်သား ပျောက်ဆုံးသွားတာနဲ့ ပတ်သတ်ပြီးချက်ချင်း ရှာဖွေကြည့်တဲ့အခါမှာတော့ ရုပ်ရှင်ရုံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တပ်သားဟာ လေတပ်မှရုပ်ရှင်ရုံသို့ taxi စီးပြီးသွားခဲ့ပါတယ်။ ကားပေါ်မှာ taxi သမားကို Endgame spoiler မမိချင်လို့ သွားကြည့်ရတာဖြစ်ကြောင်း ပြောခဲ့တယ်လို့ တက်စီသမားမှ ရဲစခန်းတွင် ထွက်ဆိုထားပါတယ်။ အဆိုပါလေတပ်မှ တပ်သားဟာလဲ အပြစ်ပြုလုပ်ထားတာကြောင့် ရဲစခန်းမှာအစစ်ဆေးခံခဲ့ရာက အောက်ပါအတိုင်းထွက်ဆိုထားပါတယ်။ “ကျွန်တော် Avengers: Endgame ကိုကြည့်ချင်လွန်းလို့ တာဝန်ချိန်မှာ စစ်တပ်ကနေထွက်ပြေးမိတာပါ ” ဆိုပြီး ထွက်ဆိုထားပါတယ်။ တောင်ကိုးရီးယား လေတပ်ဟာလဲ သူတို့ရဲ့ ဝန်ထမ်းအပေါ်ထိန်းသိမ်းမှုမှာ လိုအပ်ချက်တွေရှိခဲ့လို့ ဒီလိုဖြစ်သွားရတာပါ ဆိုပြီးတောင်းပန်ထားပါတယ်။

လက်ရှိမှာတော့ Endgame ကြည့်ဖို့ထွက်ပြေးခဲ့တဲ့ လေတပ်သားကို စစ်တပ်မှပြန်လည်ထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။ Avengers:Endgame ရုပ်ရှင်ကားဟာလဲ Titanic ရုပ်ရှင်ကားကြီးကို ကျော်လွန်ပြီး 2.188 billions ရရှိထားပြီပဲဖြစ်ပါတယ်။ ဒါဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ အများဆုံးရရှိထားတဲ့ Box office တစ်ခုဖြစ်လာပါတယ်။

 

(ပိုပိုလေး)



Follow us on