အကယ်ဒမီများရှင် မင်းသမီး နန္ဒာလှိုင်နဲ့ ကိုဇေသီဟ တို့ဟာဆိုရင် လူအများလေးစားအားကျရတဲ့စုံတွဲလေးပါပဲ။ အလှူအတန်းရက်ရောတဲ့ နေရာမှာ စံနမူထားရမယ့် အကယ်ဒမီနန္ဒာလှိုင်တို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၁) နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ အခုဆိုရင် ပရိတ်သတ်ကြီးချစ်ရတဲ့ နိုင်ငံကျော် မင်းသမီးနန္ဒာလှိုင်ဟာ ချစ်စရာကောင်းတဲ့ သမီးလေး သုံးယောက်ကို ပိုင်ဆိုင်ထားပြီး သာယာလှပတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားရပါပြီ။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
၂၀၁၉ မေလ (၁၁) ရက်နေ့မှာ ကျရောက်တဲ့ အကယ်ဒမီနန္ဒာလှိုင်တို့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ နန္ဒာလှိုင်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ “၁၁ နှစ်တောင်ရှိသွားပြီပဲ ဘာမှမကြာလိုက်သလိုပဲနော်” ဆိုပြီးပို့စ်ရေးသားတင်ခဲ့ပါတယ်။
Hotel Zwekabin နှင့် Missha Myanmar Team မှလဲ အကယ်ဒမီနန္ဒာလှိုင်တို့ ဇနီးမောင်နှံအတွက် မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားတွေ လူမှုကွန်ယက်မှ တစ်ဆင့်ပေးပို့လာကြပါတယ်။
အလှူအတန်းရက်ရောလှတဲ့ ကိုဇေသီဟနဲ့ မနန္ဒာလှိုင်တို့ ဇနီးမောင်နှံကို ပြည်သူအများကလဲ ချစ်ခင်ကြပါတယ်။ ပြီးခဲ့တဲ့ မေလ (၄) ရက်နေ့မှာလဲ ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီးထံမှာ အလှူငွေကျပ်သိန်း (၅၀၀) နှင့် စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ နိုင်ငံရဲ့ အချမ်းသာဆုံး သူဋ္ဌေးစာရင်းဝင်တွေဆိုပေမဲ့ ဟိတ်ဟန်မရှိ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံကို ဘယ်သူကမချစ်ပဲနေမလဲနော်။
(ပိုပိုလေး)