1. Home
  2. Special or Others

မွေးကင်းစကလေးကို အဝတ်လျှော်စက်ထဲမှာ လာပစ်သွား(ရုပ်သံ)

Special or Others พ.ค. 08, 2562 view 1,684
ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစ ကလေးငယ်လေးကို ထိုင်းနိုင်ငံက အဝတ်လျှော်ဆိုင်တစ်ခုက အဝတ်လျှော်စက်ထဲမှာ တိတ်တဆိတ်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ အကြွေစေ့ထည့်ပြီး အဝတ်လျှော်ရတဲ့ စက်တွေဖြစ်တာကြောင့် တစ်ယောက်ယောက်က အထဲမှာ ကလေးရှိနေတာ မသိပဲ စက်ကိုလည်လိုက်ရင် ကလေးသေဆုံးသွားနိုင်ပါတယ်။
 
 
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူက ဆိုင်မပိတ်ခင်မှာ ကလေးငိုသံကြားပြီး အမှတ်မထင် အဝတ်လျှော်စက်ထဲမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
 
 
ထိုင်းနိုင်ငံတောင်ပိုင်း ကာဘီမှာ သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။ ဆိုင်ရှင်ဖြစ်သူက နေ့လည်ပိုင်းမှာ ဆိုင်ပိတ်ဖို့ လုပ်နေတုန်း ကလေးငိုသံကြားခဲ့ပါတယ်။ ပထမတော့ အိမ်နီးနားချင်းတွေဆီက ဖြစ်မယ်လို့ထင်ပြီး နေခဲ့ပေမယ့် အသံက နီးကပ်လွန်းတာကြောင့် ဆိုင်ထဲမှာ လိုက်ရှာခဲ့ရာ ကလေးကို ချက်ကြိုးတန်းလန်းနဲ့ အဝတ်လျှော်စက်တစ်ခုထဲမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။
 
 
အသက် ၄၇ နှစ်အရွယ် ဆိုင်ရှင်ဖြစ်သူ Sangduen Khaorueng က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ လက်တလောမှာတော့ ကလေးကို မိဘမဲ့ဂေဟာသို့ ပို့ကာ စောင့်ရှောက်ထားပြီး လာပစ်သွားတဲ့ မိခင်ကိုတော့ ခြေရာခံလို မရသေးဘူးလို့ ရဲအဖွဲ့က ဆိုပါတယ်။ ဆိုင်ထဲမှာ စီစီတီဗီ မတပ်ထားတာကြောင့် ပြန်လည်စစ်ဆေးလို့မရပေမယ့် လမ်းတစ်လျှောက်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီတွေကနေတစ်ဆင့် ဆက်လက် ရှာဖွေသွားမှာ ဖြစ်ကြောင်း သိရှိရသည်။


Follow us on