1. Home
  2. Movie Stars - Celebrity

လူဝင်စားလို့ ယူဆရတဲ့ နာမည်ကျော်ဟောလိဝုဒ်ဆယ်လီများအမှန်တကယ်ရှိနေ

Movie Stars - Celebrity พ.ค. 08, 2562 view 1,477

လူဝင်စားတွေ တကယ်ရှိနေသလား? ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ ဘဝသံသရာဆိုတာ အမှန်တကယ်ပဲရှိပါတယ်။ ဒီလို ဘဝသံသရာဆိုတာကြီး တကယ်ရှိလို့ပဲလား ဒါမှမဟုတ် ဒီလူတွေက Time travellers တွေပဲလားဆိုပြီး ယုံမှား သံသယဝင်စရာကိစ္စရပ်တွေရှိလာပါတယ်။ ထိုလူတွေက လူမသိမကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေလဲ မဟုတ်ပါပဲ အောင်မြင်ကျော်ကြားတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေဖြစ်လို့နေပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူလိုက်ပါ ကြည့်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Ellen DeGeneres နဲ့ Henry David Thoreau

Ellenshow ရဲ့ ပင်တိုင်စံ Ellen ဟာ ရှေးခေတ်လူပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Henry David Thoreau နဲ့ မျက်နှာတစ်ပုံစံထဲ တူနေပါတယ်။

Maggie Gyllenhaal နဲ့ Rose Wilder Lane

ဟောလိဝုဒ်မင်းသမီး Maggie Gyllenhaal ကတော့ 80’s ခုနှစ်တွေမှာ နာမည်ကျော်ခဲ့တဲ့ ဂျာနယ်လစ် Rose Wilder Lane နဲ့ ရုပ်တူနေတာကို တွေ့ရပါတယ်။

Justin Timberlake နဲ့ အမည်မသိလူပုဂ္ဂိုလ်တစ်ဦး

ဟောလိဝုဒ် အဆိုတော် သရုပ်ဆောင် Jutstin Timberlake ကတော့ထူးဆန်းစွာပဲ  ရှေးဟောင်း အမည်မသိလူပုဂ္ဂိုလ်တစ်ဦးနဲ့ ရုပ်ချင်းခွဲမရအောင် ဆင်တူနေတာပဲဖြစ်ပါတယ်။

John Travolta နဲ့ ၁၈၆၀ ခုနှစ်လောက်က လူပုဂ္ဂိုလ်တစ်ဦး

သရုပ်ဆောင် John Travolta ဟာလဲ ၁၈၆၀ လောက်က လူပုဂ္ဂိုလ်တစ်ဦးနဲ့ ရုပ်ချင်း ခွဲမရအောင် တူနေတာတွေ့ရပါတယ်။

Nicolas cage နဲ့ အမေရိကန်စစ်အတွင်း ကာလက လူတစ်ဦး

မင်းသားကြီး Nicolas cage ဟာလဲ စစ်ဖြစ်နေစဉ်ကာလတုန်းက လူတစ်ဦးနဲ့ခွဲမရအောင် တူနေခဲ့ပါတယ်။

Jay-Z နဲ့ အမေရိကန် Harlem မှ အမည်မသိလူပုဂ္ဂိုလ်တစ်ဦး

အမေရိကန် ရက်ပ်အဆိုတော် Jay-Z ဟာလဲ ရှေးကျတဲ့ ဓာတ်ပုံထဲမှ အမည်မသိလူပုဂ္ဂိုလ်တစ်ဦးနဲ့ ထူးခြားစွာ ရုပ်တူနေတာကိုတွေ့ရပါတယ်။

Keannu Reeves နဲ့ ပြင်သစ် လူမျိုးတစ်ဦး

မင်းသားချော Keannu Reeves ကတော့ ရှေးခေတ်နန်းတွင်းက ပြင်သစ်လူမျိုးတစ်ဦးနဲ့ ရုပ်ချင်း ဆင်တူနေတာပဲဖြစ်ပါတယ်။

ဒီလူတွေဟာ အမှန်တကယ်ပဲ လူဝင်စားတွေရှိခဲ့သလား၊ မျက်နှာတွေကလဲ ခွဲမရအောင်တူကြတာမို့ ရှေးဘဝက မိသားစုဝင်တွေလားလို့တောင် ထင်မှတ်ရပါတယ်။

(ပိုပိုလေး)



Follow us on