အွန်လိုင်းပေါ်မှာ ဘယ်သူက စလိုက်တဲ့ စိန်ခေါ်မှုလည်း မသိပေမယ့် ကိုရီးယား၊ တရုပ်စတဲ့ အစားကျူးတဲ့ နိုင်ငံတွေက အွန်လိုင်းသုံးသူတွေကြားမှာ Live လွှင့်ပြီး ရေဘဝဲကို အရှင်လတ်လတ် စားပြတဲ့ ပြိုင်ပွဲတွေ မှိုလိုပေါက်လာခဲ့ပါတယ်။
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
ဒါဟာ အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်ချင်ကြတဲ့သူတွေ၊ ရုပ်သံကနေ ဝင်ငွေရချင်တဲ့ သူတွေအတွက်တော့ အခွင့်ကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒီအထဲမှာ တရုပ်နိုင်ငံက အမျိုးသမီးလေး တစ်ယောက်လည်း ပါပါတယ်။ သူက သူများတွေလို ရေဘဝဲအရှင်စားပြတဲ့ ရုပ်သံကို Live လွှင့်ခဲ့ရာမှာ ရေဘဝဲက သူရဲ့မျက်နှာကို စုပ်ခွက်တွေနဲ့ ကပ်ပြီး ပြန်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
သူတစ်ပါးရဲ့အသားကို အရှင်လတ်လတ် စားပြဖို့ ငရဲမကြောက် ဝဋ်မကြောက် လုပ်မယ့် မိန်းကလေးက သူ့အလှည့်ကျတော့ ဘယ်လောက်တောင် ဝေဒနာခံစားလိုက်ရလဲဆိုတာ ရုပ်သံမှာ ကြည့်ရှုကြပါဦး။
ဪ.. လူတွေ ကိုယ့်အသားထိတော့ နာတတ်လိုက်ကြတာ၊ အခြားသတ္တဝါတွေလည်း ဒီလိုပဲ နာကြမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဝဋ်ဆိုတာ နေ့ညမဆိုင်း ချက်ခြင်းလည်တတ်တဲ့ သဘောကို ဒီမိန်းကလေး သဘောပေါက်သွားကောင်းပါရဲ့နော်..။