1. Home
  2. Special or Others

လီဗာပူးအသင်းနိုင်လို့ ကတိအတိုင်း ဝတ်လစ်စလစ် လမ်းမပေါ် ပြေးပြခဲ့သူ(ရုပ်သံ)

Special or Others พ.ค. 09, 2562 view 1,615
ထိုင်းနိုင်ငံက လီဗာပူးအသင်းရဲ့ ပရိသတ်တစ်ယောက်က ချံပီယံလိဂ်ပွဲ မစခင်မှာ သူပေးခဲ့တဲ့ ကတိအတိုင်း လီဗာပူးအသင်းရဲ့ ဖန်တွေက ဘယ်လောက်ကတိတည်ကြောင်းကို လူမှုကွန်ယက်ပေါ်ကနေ Live လွှင့်ပြီး သက်သေပြခဲ့ပါတယ်။
 
 
Panya Sainet ဆိုသူက ပြီးခဲ့တဲ့ အင်္ဂါနေ့က ချံပီယံလိဂ်ပွဲမှာ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ မကစားခင်မှာ “ဒီည လီဗာပူးက ဘာစီလိုနာကိုနိုင်ပြီး ချံပီယဲလိဂ်ဖိုင်နယ်တက်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ငါ ကိုယ်လုံးတီးချွတ်ပြေးပြမယ် သောက်ရူးရေ..” လို့ လက်တလောမှာ ဖေ့စ်ဘွတ်ခ်က အကောင့်ပိတ်ထားခံရတဲ့ Alex Jones ကို ဒေါသနဲ့ ရေးသားတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
 
အဲဒီနေ့ညက ပွဲစဉ်မှာ လီဗာပူးအသင်းက ဘာစီလိုနာအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားခဲ့တဲ့အတွက် သူ့ရဲ့ကတိအတိုင်း ဝတ်လစ်စလစ်နဲ့ ပြေးပြခဲ့တာပါ။ ကိုယ်လုံးတီးလို့ ဆိုပေ့မယ့်လည်း အတွင်းခံရေကူးဘောင်းဘီ အတိုလေး ဝတ်ထားပြီး ညလူခြေတိတ်ချိန်လမ်းမပေါ်မှာ ပြေးပြခဲ့တာပါ။
 
 
ဒီရုပ်သံကို ကြည့်ရှုသူ ၁ သန်းကျော်ရှိနေပြီး မနက် ၈ နာရီလောက်ပြေးပါလား၊ ဘာလို့ လူမရှိတဲ့အချိန်မှ ပြေးရတာလဲလို့ နောက်ပြောင်ဝေဖန်သူတွေရှိသလို၊ တစ်သက်လုံး ကတိမတည်တဲ့ကောင် ဒါကျတော့ ကတိတည်သားလို့ သူ့ရဲ့သူငယ်ချင်းတွေက ကျီစယ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် လီဗာပူးရဲ့ ဖန်တွေကတော့ အခုလို ကတိတည်တဲ့အတွက် သူ့ကိုချီးကျူးနေကြပါတယ်။


Follow us on