1. Home
  2. Movie Stars - Celebrity

ဟန်ဂျီဆောင်းသေဆုံးရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ မျက်မြင်သက်သေတစ်ဦး

Movie Stars - Celebrity พ.ค. 10, 2562 view 1,642

ပြီးခဲ့တဲ့ မေလ ၆ ရက်၊ တနင်္လာနေ့မှာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်-အင်ချွန်း အဝေးပြေးလမ်းမတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကားနှစ်ဆင့်တိုက်ခံရပြီး သေဆုံးသွားကြောင်း Gimpo ရဲစခန်းမှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူမှာ မင်းသမီး ဟန်ဂျီဆောင်းဖြစ်ပြီး သူမဟာ SUV ကားတစ်စီး၊ Taxi တစ်စီးနဲ့ တိုက်မိပြီး ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့တာပဲဖြစ်ပါတယ်။ ဟန်ဂျီဆောင်း ခန္ဓာကိုယ်အလောင်းကို စစ်ဆေးကြည့်ရာ မသေဆုံးခင် အရက်သောက်ထားကြောင်း တွေ့ရှိရပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

လက်ရှိမှာ ဟန်ဂျီဆောင်းကားကို တိုက်မိတဲ့ SUV ကားမောင်းသူနဲ့ Taxi ကားမောင်းသူ နှစ်ဦးစလုံးကို ရဲစခန်းမှ အမှုဖွင့်စစ်ဆေးသွားမှာဖြစ်ပါတယ်။ သေဆုံးသူ ဟန်ဂျီဆောင်း ၏ခင်ပွန်းဖြစ်သူ ပြောကြားချက်အရ သူမ အဝေးပြေးလမ်းမအလယ်မှာ ကားကို ရပ်တန့်ခဲ့ပြီး ကားထဲမှ အပြင်ကို ထွက်လာခဲ့ရာက SUV ကားနဲ့ အရင်တိုက်မိတာဖြစ်ပါတယ်။ အနီးအနားမှာ ရှိတဲ့ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ သေဆုံးသူအမျိုးသမီးဟာ ကားထဲမှ အတင်း တွန်းထုတ်ခြင်းခံရလို့ ထွက်လာရတဲ့ ပုံစံပေါက်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကိုရဲက ခင်ပွန်းသည်ကို စစ်မေးကြည့်တဲ့အခါမှာ သူအိမ်သာသွားနေတာဖြစ်တဲ့အတွက် “မသိဘူး” လို့ ထွက်ဆိုထားပါတယ်။

ခင်ပွန်းသည်ကတော့ အိမ်သာသွားနေတယ်လို့ ထွက်ဆိုခဲ့ပေမယ့် မျက်မြင်သက်သေတွေက ကားထဲကထွက်လာသူ အမျိုးသမီးကိုသာမြင်မိကြောင်း အမျိုးသားတစ်ဦးမှ ထွက်လာတာမျိုးမရှိကြောင်း ပြောကြားထားပါတယ်။ ပုံမှန်အားဖြင့် အိမ်သာသွားမယ်ဆိုပါက လမ်းဘေးမှာကားရပ်ထားပြီး သွားရမည်ဖြစ်ပြီး လမ်းလယ်ကောင်မှာ ကားရပ်လိုက်တာဟာ သမားရိုးကျ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ဖန် မင်းသမီး ဟန်ဂျီဆောင်းရဲ့ ခင်ပွန်းသည်ဟာ တရားဥပဒေကို တတ်သိနားလည်တဲ့ ရှေ့နေတစ်ဦးလဲ ဖြစ်လို့နေပါတယ်။ သူမကို သေစေတဲ့ အဓိက တရားခံက ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)



Follow us on