1. Home
  2. Movie Stars - Celebrity

ကြည့်မိသူတိုင်း ရင်သပ်ရှုမောဖြစ်သွားစေမယ့် Blackpink ရဲ့ Coachella live ဖျော်ဖြေမှုကြီး

Movie Stars - Celebrity พ.ค. 10, 2562 view 1,491

နာမည်ကျော် ကေပေါပ့်စတား blackpink ဟာ ဧပြီ ၁၂ မှ ၂၁ ထိ ၁၀ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ Coachella live ဖျော်ဖြေပွဲကြီးမှာ ပထမဦးဆုံး အမျိုးသမီးကေပေါ့ပ်အဆိုတော်အဖွဲ့ အနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ရတာပဲဖြစ်ပါတယ်။ Coachella live Stream မှာ ကမ္ဘာကျော် ဟောလိဝုဒ်အနုပညာရှင်တွေနဲ့အတူ blackpink ဘယ်လို ဖျော်ဖြေတင်ဆက်ဖျော်ဖြေခဲ့သလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Blackpink ဟာ Coachella Live stream ဖျော်ဖြေပွဲကြီးမှာ သီချင်းပေါင်း ၁၃ ပုဒ်တိတိ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ blackpink ဖျော်ဖြေခဲ့တဲ့သီချင်းများကတော့ DDU-DU DDU-DU, Forever Young, Stay, Whistle, Kiss and make up, Solo, Kill this love, don’t know what to do, kick it, See U Later, Playing with fire, Boombayah, As If it’s your last တို့ပဲဖြစ်ပါတယ်။ Blackpink ဖျော်ဖြေခဲ့တဲ့ ၁၃ ပုဒ်ထဲမှ အကောင်းဆုံးလို့ ယူဆရတဲ့ ဖျော်ဖြေမှု ဗွီဒီယိုသုံးခုကို ဝေမျှပေးလိုက်ပါတယ်။

ဒါကတော့ ဧပြီ ၁၉ ရက်၊ သောကြာနေ့ Coachella မှာ “Du Du Du” သီချင်းနဲ့ ဦးစွာ ဖျော်ဖြေတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

Du Du Du ပြီးရင် လူကြိုက်အများဆုံး ဖျော်ဖြေမှုကတော့ “Kill This Love” ဖြစ်လို့နေပါတယ်။  

As it is your last ကတော့ fresh&sweet ပုံစံလေးဖြစ်တာကြောင့် ကြည့်ရှုသူပရိတ်သတ်ကို လန်းဆန်းစေတဲ့ ခံစားချက်တစ်မျိုးပေးဆောင်နိုင်မှာပါ။

blackpink ရဲ့ ဧပြီ ၁၉ Coachella ဖျော်ဖြေတင်ဆက်မှုကြီးဟာဆိုရင် အပြစ်ပြောစရာတစ်ကွက်မှမရှိအောင် ပြီးပြည့်စုံလွန်းတာကြောင့် Coachella Youtube channel မှာ ကြည့်ရှုသူ သန်းပေါင်းများစွာရရှိထားပြီဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on