1. Home
  2. Movie Stars - Celebrity

Deadpool မင်းသား Ryan Reynolds ဟာ BTS Jungkook ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့

Movie Stars - Celebrity พ.ค. 13, 2562 view 1,902

နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ Deadpool, Pokemon Detective Pikachu တို့ရဲ့ အဓိကဇာတ်လိုက်မင်းသား ကနေဒီယန် သရုပ်ဆောင် Ryan Reynolds ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်မှာ BTS အဖွဲ့ဝင် Jungkook ရဲ့ ပရိတ်သတ် တစ်ဦးဖြစ်ကြောင်း သူ၏ တွစ်တာအကောင့်မှတစ်ဆင့် သဲလွန်စတစ်ခုပေးခဲ့ပါတယ်။ Ryan Reynolds ပေးလိုက်တဲ့ သဲလွန်စက ဘယ်လိုဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Ryan Reynolds ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့၊ BTS တွစ်တာအကောင့်မှာတင်ခဲ့တဲ့  Jungkook တစ်ယောက် Gym မှာလေ့ကျင့်ခန်းလုပ်နေတဲ့ ဗွီဒီယိုဖိုင်ကို like လုပ်ခဲ့ပါတယ်။ Ryan လို တော့ပ်စတားတစ်ယောက်က BTS ကို စိတ်ဝင်တစားစောင့်ကြည့်နေမယ်လို့ ဘယ်သူက ထင်ရက်ပါ့မလဲနော်။

 Ryan ဟာ ကေပေါ့ပ်ကိုစိတ်ဝင်စားခြင်းရှိတယ်ဆိုတာအရင်ကတည်းက သက်သေပြခဲ့ပါတယ်။

ကေပေါ့ပ်အဆိုတော် Hyuna က Deadpool  Concept Photoshoot လုပ်ခဲ့တဲ့ ဓာတ်ပုံကို Ryan ကအမြတ်တနိုးဖက်တွယ်ထားတဲ့ပုံစံ ပြန်ရိုက်ပြီး သူ့ အင်စတာဂရမ်မှာ ပြန်တင်ခဲ့ပါတယ်။ Ryan နဲ့ Hyuna တို့ အပြင်မှာတစ်ခါမှမတွေ့ဖူးပေမယ့် Ryan ဇနီးသည် Blake Lively က ထိုပုံကိုမြင်ပြီး သဝန်တိုဖူးတယ်လို့ Ryan ကပြောဖူးပါတယ်။

BTS ဟာလဲ ဒီနောက်ပိုင်း ဟောလိဝုဒ်မှာ တစ်စတစ်စ ပိုမိုနာမည်ရလာပြီး ကမ္ဘာကျော်ဆယ်လီတွေကတောင် သူတို့ကို သတိထားစောင့်ကြည့်နေမိတဲ့အထိပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကဆိုရင် BTS အဖွဲ့ဝင် Jungkook ဟာ Ariana Grande ရဲ့ ပွဲကိုတက်ရောက်ခဲ့ပြီး Ariana က သူ့ရှိုးပွဲကို တက်ရောက်ပေးတဲ့ Jungkook ကို ကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှာ ပုံနှင့်တကွတင်ခဲ့ပါတယ်။

ဒါ့အပြင် Ariana ရဲ့ အင်စတာဂရမ် My Story အရ Ariana Grande ဟာ Jungkook နဲ့ရိုက်ထားတဲ့ ဓာတ်ပုံကို သူမဖုန်း lock screen အဖြစ်ထားထား တာကို တွေ့ရပါတယ်။ ဟောလိဝုဒ် ဆယ်လီများ Jungkook အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာဟာဆိုရင် ချစ်ဖို့ကောင်းနေတော့တာပါပဲ။

(ပိုပိုလေး)



Follow us on