ပြည်သူ့အကယ်ဒမီ ပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၂ ညနေပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ Yangon Innovation Center မှာ ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ ရွေးချယ်မှုကနေ ပေးအပ်တဲ့ ပြည်သူအကယ်ဒမီ ဆုကို ''မုဒြာခေါ်သံ'' ကို ဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနာ ခီ တို့ ဇနီးမောင်နှံ နဲ့ ''မီ'' ရုပ်ရှင် ဇာတ်လမ်း ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု တို့ကရရှိခဲ့ကြပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
အခုလို ပြည်သူ့အကယ်ဒမီဆု ဂုဏ်ပြုချီးမြှင့်ခံရတဲ့ အနုပညာရှင် လူငယ်တွေဟာ ရုပ်ရှင် လောကကို ပြောင်းလဲနိုင်စွမ်း ရှိသူတွေ ဖြစ်လို့ စုပေါင်း ဂုဏ်ပြုရတာ ဖြစ်တယ်လို့ ဆုပေးဖို့ စီစဉ်လုပ်ဆောင်ရာမှာ ပါဝင်တဲ့ အိုင်တီပညာရှင် ကိုစိုးသီဟနောင်က ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်ခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာတော့ ဒါရိုက်တာ ခရစ္စတီးနား ခီ မောင်နှံ ရိုက်ကူးခဲ့တဲ့ ‘မုဒြာ ခေါ်သံ’၊ ဒါရိုက်တာ ဏကြီး ဖန်တီးခဲ့တဲ့ ‘မီ’ ရုပ်ရှင် ဇာတ်ကားတွေဟာ ဆု ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။
ပြည်သူတွေက ပေးအပ်ချီးမြှင့်တဲ့ ပြည်သူ့အကယ်ဒမီနဲ့ အတူ ပေးအပ်တဲ့ ဆုငွေတွေကို ကျန်းမာရေး မကောင်းလို့ ဆေးကုသမှု ခံယူနေရတဲ့ ရုပ်ရှင်လောကသားတွေကို ပြန်လည် လှူဒါန်းသွားမယ်လို့ ခီ ဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံက ပြောပါတယ်။