တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Leng Jun အမည်ရှိတဲ့ ပန်းချီဆရာတစ်ယောက်ဟာ အမှန်တကယ်ပြင်ပ လူနဲ့ တစ်ပုံစံတည်း တူအောင်ဆွဲပေးနိုင်သူတစ်ယောက်အနေနဲ့ နာမည်ကြီးလာပါတယ်။ သူဆွဲထားတဲ့ ပန်းချီပုံတွေကို လူတွေက ဓာတ်ပုံဟုထင်မှတ်ခဲ့ကြပြီး အနီးကပ်ကြည့်မှသာ ပန်းချီကားဖြစ်နေကြောင်း သိရှိကြတာဖြစ်ပါတယ်။ ပန်းချီဆရာ Leng Jun ရဲ့လက်ရာတွေက ဘယ်လို ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
ပန်းချီဆရာ Leng Jun ရဲ့ လူသိများလာမှုကတော့ ဆွယ်တာဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ပုံပါ။ ပန်းချီပြခန်းမှာ တင်ထားတဲ့ Leng Jun ရဲ့ ပန်းချီကားကို လာရောက်ကြည့်ရှုသူ များပြားလာပြီး ဓာတ်ပုံဟု ထင်မှတ်ခဲ့ကြရာ Leng Jun ကမှန်ဘီလူးနဲ့ ချဲ့ကားပြပြီး ပန်းချီဆေးတွေနဲ့ ဆွဲထားတာဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
Leng Jun ဟာ အရုပ်မကို ဆွယ်တာအဝတ်ဝတ်ပေးပြီး ဒီပန်းချီကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ မျက်နှာကိုတော့ စိတ်ကူးထဲက မိန်းကလေးကို ပုံဖော်ပြီးဆွဲခဲ့တာဖြစ်ကြောင်းပြောကြားထားပါတယ်။
Leng Jun ရဲ့ အနုပညာလက်ရာကို လူအများက မချီးကျူးပဲမနေနိုင်ခဲ့ကြပါဘူး။ ဆွယ်တာ အမွှေးလေးတွေထောင်နေတာကအစ မိန်းကလေးရဲ့ မျက်နှာအသားအရောင်အဆုံး အသေးစိတ် ရေးဆွဲထားတာဖြစ်ပါတယ်။
Leng Jun ဟာ ၁၉၆၃ တရုတ်နိုင်ငံ စီချွန်မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၈၄ မှာတော့ Wuhan Normal College ကနေ ပန်းချီပညာနှင့် အနုပညာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဘေကျင်းမြို့မှာ နေထိုင်ပြီး ပန်းချီဆရာ အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
ဒီပုံမှာဆိုရင် ကြည့်ရှုသူပရိတ်သတ်က လူမိန်းကလေးတစ်ဦး ထိုင်နေတာလို့ ထင်မှတ်ခဲ့ကြတာပါ။ အနီးကပ်သွားကြည့်မှ ပန်းချီကားဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
Leng Jun ရဲ့ တခြားအနုပညာလက်ရာတွေကိုလဲ ကြည့်ရှုခံစားသွားကြပါဦးပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)