1. Home
  2. Special or Others

Samsung စမတ်တီဗီများတွင် Apple TV App များ ထည့်သွင်းနိုင်တော့မည်

Special or Others พ.ค. 14, 2562 view 1,784
မိုဘိုင်းစမတ်ဖုန်းတွင် အကြီးအကျယ်ပြိုင်ဘက်များဖြစ်ကြတဲ့ Samsung နဲ့ Apple တို့ရဲ့ ပေါင်းစည်းမှုကို မကြာမီ Samsung Smart TV များတွင် ရရှိခံစားရတော့မည်ဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုလုံးက ကြေညာလိုက်သည်။
 
လက်ရှိတွင် Apple မှ ထုတ်လုပ်သည့် စမတ်ဖုန်း၊ ကွန်ပျူတာများကို တီဗီနှင့် ကြိုးမဲ့စနစ် (AirPlay)ချိပ်ဆက်နိုင်ရန် Apple မှ ထုတ်ထားသည့် Apple TV စက်အသေးစားလေးရှိဖို့ လိုအပ်ပါတယ်။ သို့မဟုတ်ပါက HDMI ကြိုးစနစ်နဲ့ ဆက်သွယ်ပြီးမှသာ Apple ဖုန်းကို တီဗီနဲ့ချိပ်ဆက်ပြီး တီဗီပေါ်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပါ<<
 
 
Apple iOS ဖုန်း အသုံးပြုသူများအနေနဲ့ Apple TV မလိုပဲ စမတ်တီဗီများနဲ့ AirPlay ချိပ်ဆက်မှုရရှိရန် လိုလားနေကြပြီး ယခုကဲ့သို့ ကုမ္ပဏီနှစ်ခု နည်းပညာပေါင်းကူး ဖလှယ်လိုက်ခြင်းက စားသုံးသူများအတွက် အကျိုးရှိစေပါတယ်။
 
အသစ်ထွက်ရှိမယ့် Samsung Smart tvOS 12.3 နဲ့ iOS အသစ်တို့မှာ ဆမ်ဆောင်းစမတ်တီဗီပေါ်တွင် Apple TV App နဲ့ AirPlay 2 စနစ်တို့ပါရှိမှာဖြစ်ကြောင်း ကုမ္ပဏီ နှစ်ခုလုံးက ကြေညာလိုက်ပါတယ်။ ပထမဆင့်အနေနဲ့ Apple TV App ကို နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ AirPlay 2 စနစ်ကိုတော့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
Apple က ထုတ်ပြန်ထားတဲ့ စာရင်းအရ အောက်ဖော်ပြပါ Samsung Smart Tv model တို့မှာ AirPlay 2 ရရှိမှာဖြစ်ပါတယ်။
 
Samsung က ထုတ်လုပ်တဲ့ 2018 8k နဲ့ 4K QLED TVs တို့အတွက် Apple TV App ကို ယခုနှစ်အတွင်းမှာ သွင်းယူနိုင်မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
AppleTV App မှာ ဝယ်ယူ/ငှားရမ်း ကြည့်ရှုနိုင်တဲ့ iTunes Movies တွေ၊ နိုင်ငံတစ်ကာ TV Show နဲ့ ကမ္ဘာကျော်ရုပ်သံလိုင်းအစီစဉ်တွေဖြစ်တဲ့ Hulu, ESPN+, Amazon Prime Video တွေအပြင် အခြား App တွေ ပါဝင်မှာဖြစ်ပါတယ် (Netflix တော့ ပါဝင်မှာမဟုတ်ပါ)။
 
Apple ရဲ့ ထုတ်ပြန်ချက်မှာတော့ AirPlay 2 စနစ်ကို Samsung Smart Tv တွေအပြင် အခြားတီဗီ အမျိုးအစားတွေမှာပါ မကြာခင်ရရှိတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။
 
 
ဒါကြောင့်မို့ စမတ်တီဗီ ဝယ်တော့မယ်ဆိုရင် ဖော်ပြပါ မော်ဒယ်နဲ့ အမှတ်တံဆိပ်တွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။ 
 
 


Follow us on