1. Home
  2. Movie Stars - Celebrity

တွစ်တာမှာ နံပါတ်(၁) trend ဖြစ်သွားစေတဲ့ Blackpink Lisa ရဲ့ ကြော်ငြာဗွီဒီယို

Movie Stars - Celebrity พ.ค. 14, 2562 view 1,697

တောင်ကိုးရီးယား နာမည်ကျော် အမျိုးသမီး ကေပေါ့ပ်အဖွဲ့ Blackpink ဟာဆိုရင် လတ်တလော ကမ္ဘာတစ်ဝှမ်း လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ blackpink အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းမလေး Lisa ဟာဆိုရင် instagram မှာ followers  အများဆုံး ကေပေါ့ပ် အိုက်ဒေါ အဆိုတော် တစ်ယောက်ဖြစ်လာပါပြီ။ လတ်တလော ချစ်ခင်ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ များပြားလာတဲ့ Lisa ဟာ အဖွဲ့ဝင်များနဲ့အတူကြော်ငြာ အများအပြားရိုက်ကူးနေရသူတစ်ဦးဆိုလဲ မမှားပါဘူး။ တွစ်တာမှာ နံပါတ် (၁) trend ဖြစ်သွားစေတဲ့ Lisa ရဲ့ ကြော်ငြာဗွီဒီယို က ဘယ်လိုဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Blackpink ဟာ နာမည်ကျော် android ဖုန်း samsung ရဲ့ ကြော်ငြာမော်ဒယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ Samsung Thailand ရဲ့ Youtube Channel မှ Lisa တစ်ယောက် Samsung မှအသစ်ထွက်ရှိတဲ့ Galaxy S10 X ကြော်ငြာဗွီဒီယိုကို တင်ပေးခဲ့ပါတယ်။ကြော်ငြာဗွီဒီယို တင်အပြီး ၂၄ နာရီ မပြည့်ခင်မှာ ကြည့်ရှုသူပေါင်း 330k ရှိသွားပါပြီ။

Lisa ကို ချစ်ခင်နှစ်သက်တဲ့ ပရိတ်သတ်တွေက supporting ပေးတဲ့အနေနဲ့ twitter မှာ #GalaxyS10XLisa ဆိုတဲ့ hastag လေးတွေနဲ့ ပို့စ်တွေ တင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ tweet ကြရင်းက twitter မှာ ပို့စ်ပေါင်း ၃ သောင်းနှစ်ထောင် ရှိလာခဲ့ပြီး ထိုင်းနိုင်ငံမှာ နံပါတ်တစ် trending ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံ Twitter မှာ နံပါတ်တစ် trending ဖြစ်သွားတဲ့ Lisa ရဲ့ Galaxy S 10X ကြော်ငြာလေးကို ကြည့်ရှုခံစားကြည့်ပါဦး ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)



Follow us on