1. Home
  2. Movie Stars - Celebrity

အသက်(၂၀) ဝန်းကျင်လူငယ်တွေကို အချိန်မဖြုန်းကြဖို့ ပြောကြားလာတဲ့ယူဂျယ်ဆော့

Movie Stars - Celebrity พ.ค. 15, 2562 view 1,672

Running Man အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ယူဂျယ်ဆော့ဟာဆိုရင် Nation’s MC အဖြစ် ပြည်သူအသိအမှတ်ပြုခံရတဲ့ အထင်ကရ လူတစ်ယောက်ဖြစ်ပါတယ်။ Running Man မှာ ယူဂျယ်ဆော့ဟာ နှံကောင်နဲ့ တူတာကြောင့် နှံကောင်လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ယူဂျယ်ဆော့ ဟာ ပြီးခဲ့တဲ့ရက်ပိုင်း tvN မှ ထုတ်လွှင့်ပြသခဲ့တဲ့ “You Quiz On the block” ဆိုတဲ့ အစီအစဉ်မှာ သူ့ဘဝတစ်လျှောက်လုံး အသက် (၂၀) အပိုင်းအခြားလောက်အချိန်က နောင်တအရဆုံးလို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ယူဂျယ်ဆော့တစ်ယောက် ဘာတွေကို နောင်တရမိသလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

You Quiz on the block အစီအစဉ်ဖြင့် ယူဂျယ်ဆော့နဲ့ ဂျိုဆယ်ဟိုတို့ဟာ SNU ကိုသွားရောက်ပြီးကျောင်းသားများကို အင်တာဗျူးခဲ့ပါတယ်။ SNU ဆိုတာကတော့ တောင်ကိုးရီးယားရဲ့ ဝင်ရောက်ဖို့အခက်ခဲဆုံး ဆိုးလ်အမျိုးသားတက္ကသိုလ်ပဲဖြစ်ပါတယ်။ ယူဂျယ်ဆော့ဟာ Jeong Young Jin အမည်ရှိတဲ့ ကျောင်းသူတစ်ဦးကို ပညာရေးနဲ့ ပတ်သတ်ပြီးမေးခွန်းမေးခဲ့ရာ သူမက ကျောင်းသူ ဘဝဟာ အမှတ်နည်းမှာ စိတ်ပူရကြောင်း၊ စာမေးပွဲမှာ အဖြေ တစ်ခု၊ နှစ်ခုပဲ မှန်တာဟာ သူမကို ညအိပ်မပျော်စေနိုင်ကြောင်းပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲမဖြေနိုင်တာဟာ အနာဂတ် မသေချာတော့သလိုခံစားနေရကြောင်း ပြောပြလာတဲ့အခါ ယူဂျယ်ဆော့က သူ့အတွေ့အကြုံကို ပြန်လည်ပြောကြားလာပါတယ်။

“အသက် ၂၀ အရွယ်တုန်းက လုံးဝကို ဆိုးပေတေပြီး အပျင်းကြီးနေခဲ့တာပေါ့။ ကိုယ့်ကိုကိုယ် အမြဲပြန်ပြောတယ် ‘ယူဂျယ်ဆော့ နေ့တိုင်းအိပ်မနေနဲ့ အမြန်ထ’ ဆိုပြီး အားပေးနေခဲ့ပေမယ့် အိပ်ရာထဲမှာပဲ ဆက်တိုက်အိပ်ချင်နေခဲ့တယ်။ အဲ့လို ဘာမှမလုပ်ခဲ့တဲ့ အချိန်တွေကို နောင်တရမိတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ယူဂျယ်ဆော့က “ကျွန်တော် ဒီလိုပြောနေရတာတွေက ဘဝတစ်လျှောက်လုံး အသက် ၂၀ အရွယ်မှာ အပျင်းကြီးနေခဲ့တာက အခုနောင်တရစေတယ်ဆိုတာပဲ အရင်အချိန်တွေကို ပြန်သွားမိမယ်ဆိုရင် အချိန်ဖြုန်းခဲ့တဲ့ ကိုယ့်ကိုကိုယ် အိပ်မနေနဲ့ လုပ်စရာရှိတာလုပ်ဆိုပြီး သွားပြောချင်တယ်” လို့ ပြောကြားပြီး ကျောင်းသူလေးကိုအားပေးသွားပါတယ်။

(ပိုပိုလေး)

 



Follow us on