1. Home
  2. Movie Stars - Celebrity

မကြာခင် Blackpink နဲ့အတူသီချင်းအသစ်လုပ်ဖို့ရှိတယ်လို့ပြောကြားလာတဲ့ DJ Snake

Movie Stars - Celebrity พ.ค. 15, 2562 view 1,578

တောင်ကိုးရီးယားနိုင်ငံ အမျိုးသမီးကေပေါ့ပ်အဖွဲ့ Blackpink ဟာဆိုရင် အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိ အောင်မြင်မှုရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ YG Entertainment က ဖွဲ့စည်းထားတဲ့ ဒီကောင်မလေး (၄) ယောက်ဟာဆိုရင် အမေရိကနိုင်ငံ၊ မြောက်ပိုင်းမှာ နယ်လှည့် ရှိုးပွဲတွေ လုပ်ပြီးသည့်တိုင်အောင် အောင်မြင်မှု တစ်ခု အခိုင်အမာရရှိထားပြီဖြစ်ပါတယ်။ Blackpink ဟာ ကမ္ဘာကျော်အဆိုတော် Dua Lipa ရဲ့ အယ်လ်ဘမ်မှာ နဲ့ Kiss and Make up အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို အတူသီဆိုထားပါသေးတယ်။ DJ Snake ကရော blackpink နဲ့ ဘယ်လို တွေ့ဆုံဖြစ်လဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ မှ ၂၁ အတွင်း Coachella 2019 ဂီတမှာ ပါဝင်ဖျော်ဖြေဖို့ ကယ်လီဖိုးနီးယားကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ Coachella မှာ ကမ္ဘာကျော် အနုပညာရှင်များနဲ့ ခင်မင်ခွင့်ရရှိခဲ့ပုံပါပဲ။ Ariana Grande, Will Smith, Jaden Smith, Billie Eilish, Diplo နဲ့ DJ Snake တို့က blackpink နဲ့ရိုက်ထားတဲ့ ပုံများကို ဆိုရှယ်မီဒီယာ အကောင့်ကိုယ်စီမှာတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ ပရိတ်သတ်တစ်ယောက်က DJ Snake က “Blackpink နဲ့ သီချင်းအတူဆိုဖို့ အစီအစဉ် ရှိမရှိ”  မေးမြန်းခဲ့တဲ့ အခါမှာတော့ “Yes” လို့ဖြေသွားခဲ့ပါတယ်။ Dj snake ဟာ အောင်မြင်တဲ့ Dj တစ်ယောက်ဖြစ်ပြီး Taki Taki, Let Me love you, lean on, turn down for what တို့က သူ့ရဲ့ လူကြိုက်အများဆုံးသီချင်းတွေပဲဖြစ်ပါတယ်။

ကြည့်ရတာ Blackpink နဲ့ Dj snake တို့ collaboration လုပ်ဖို့ သိပ်မကြာတော့ဘူးနဲ့ တူပါတယ် နားဆင်ဖို့အတူ စောင့်မျှော်လိုက်ကြရအောင်။

(ပိုပိုလေး)

 



Follow us on