1. Home
  2. Movie Stars - Celebrity

လီကွမ်ဆူး၊ D.O တို့နဲ့ ခရီးသွားရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ဂျိုအင်ဆောင်း

Movie Stars - Celebrity พ.ค. 15, 2562 view 1,574

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဂျိုအင်ဆောင်းဟာ ဂျူနီယာသရုပ်ဆောင်တွေအပေါ် မာနမကြီးတတ်၊ ခင်မင်တတ်တဲ့အတွက် လူချစ်လူခင်များသူတစ်ဦးပါ။ ဂျိုအင်ဆောင်း၊ လီကွမ်ဆူး၊ ကင်မ်ဝူဘင်၊ ဆောင်းဂျွန်ကီ၊ ကင်မ်ကီဘန်း၊ ချာထယ်ဟွန်း၊ အင်မ်ဂျူဟွမ်းနဲ့ Exo အဖွဲ့ဝင် D.O တို့ဟာ ပြင်ပလောကမှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဂျိုအင်ဆောင်းဟာ ဒီလူတွေခင်မင်ရင်းနှီးလာတဲ့ အဓိကအကြောင်းအရင်းလိုဖြစ်နေတာကြောင့် ဒီသူငယ်ချင်းအုပ်စုကို Jo In Sung squad လို့ခေါ်ကြပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

အမြဲ လွတ်လပ်ပေါ့ပါးစွာနေထိုင်သွားလာတတ်တဲ့ ဂျိုအင်ဆောင်းဟာ ခရီးသွားရတာကြိုက်နှစ်သက်တဲ့အလျောက် သူချစ်တဲ့ ညီငယ်များနဲ့အတူ အမြဲတစေ ခရီးသွားလေ့ရှိပါတယ်။ ဂျိုအင်ဆောင်း တစ်ယောက် လီကွမ်ဆူး၊ D.O တို့နဲ့ အတူခရီးသွားတဲ့အခါ သူကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

ဂျိုအင်ဆောင်းဟာ Radio Star ရဲ့ အင်တာဗျူးတစ်ခုမှာ လီကွမ်ဆူး၊ D.O တို့နဲ့ ခရီးအတူ ထွက်ဖြစ်တဲ့အကြောင်းကိုပြောပြလာပါတယ်။ “ကျွန်တော်တို့ သုံးယောက်က ခရီးသွားရတာကြိုက်တာချင်းလဲတူတယ်၊ အစားအသောက်အကြိုက်ချင်းလဲတူတယ်။ ဒါပေမဲ့ ကျွန်တော်က လမ်းလျှောက်ရတာ အရမ်းကြိုက်တယ် အမြဲ ခရီးသွားရင် လမ်းအများကြီးလျှောက်လို့ရတဲ့နေရာ ကမ်းခြေလိုနေရာမျိုးကိုပဲ ရွေးချယ်လေ့ရှိပါတယ်။

ဒါပေမဲ့ ကွမ်ဆူးရော D.O ရော နှစ်ယောက်လုံးက လမ်းလျှောက်တာ မကြိုက်တဲ့အတွက် သူတို့နဲ့သွားရင် အမြဲ taxi ပဲစီးရတယ်” ဆိုပြီး ပြောကြားသွားပါတယ်။

တစ်ဖန် MC က လီကွမ်ဆူးနဲ့ ခရီးသွားတဲ့အခါ သူ့ကို လူတွေက မမှတ်မိဘူးလားလို့ မေးမြန်းတဲ့အခါ “လီကွမ်ဆူးကို Running Man နဲ့ လူသိများတော့ အာရှနိုင်ငံတွေ ဘယ်နားသွားသွား သူ့ကို မမှတ်မိတဲ့လူက မရှိသလောက်ပဲ၊ အရပ်ကလဲရှည်တော့ ဒါကြောင့် သူကျွန်တော်တို့နဲ့ အပြင်သွားတိုင်း မျက်နှာမှာ mask အမြဲတပ်ထားလေ့ရှိတယ်” ဆိုပြီးပြောကြားသွားပါတယ်။

(ပိုပိုလေး) 



Follow us on