1. Home
  2. Movie Stars - Celebrity

ပါပါရာဇီနဲ့ တွေ့ရင်အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ Joe Jonas နဲ့ Sofia Turner တို့စုံတွဲ

Movie Stars - Celebrity พ.ค. 16, 2562 view 1,546

ကမ္ဘာကျော် ဟောလိဝုဒ် band တစ်ခုဖြစ်တဲ့ Jonas Brothers မှ Joe Jonas နဲ့ နာမည်ကျော် ဇာတ်ကား Game of thrones မှ မင်းသမီး Sofia Turner တို့ဟာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကမှ ပူပူနွေးနွေးလက်ထပ်ထားတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ဒီလို ဒိတ်ဒိတ်ကျဲ  ဆယ်လီစုံတွဲနောက်ကို ပါပါရာဇီတွေ အမြဲတကောက်ကောက် လိုက်နေတာမျိုးက အဆန်းမဟုတ်တော့ပါဘူး။ သို့ပေမဲ့ နာမည်ကျော်စတားတွေလဲ လူထဲကလူပဲဖြစ်တာမို့ ကိုယ်ပိုင်အချိန်ဆိုတာမျိုးလေး လိုအပ်ကြမှာပါပဲ။ အမြဲတမ်း ပါပါရာဇီတွေ တကောက်ကောက်လိုက်နေတာမျိုးက သူတို့အတွက် အဆင်မပြေလှပါဘူး။ Joe နဲ့ Sofia တို့ကတော့ ပါပါရာဇီတွေကို တွေ့တိုင်း မထင်မှတ်တဲ့ အမူအရာမျိုးတွေလုပ်ပြလေ့ရှိပါတယ်။ သူတို့ ဘယ်လိုတုန့်ပြန်သလဲ ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန်  Read More ကိုနှိပ်ပါ<<

Sofia နဲ့ Joe တို့နှစ်ယောက် ရေကူးကန်မှာ အပန်းဖြေနေစဉ် ပါပါရာဇီတွေ သူတို့ကို ဓာတ်ပုံရိုက်ကူးနေကြောင်း သိလိုက်တဲ့အချိန်မှာ နှစ်ယောက်သား အောက်ပါပုံအတိုင်း ပို့စ်ပေးခဲ့ကြပါတယ်။

ဒုတိယအကြိမ် ပါပါရာဇီကို ဖမ်းမိတဲ့အခါ Joe ကသူ့ ကင်မရာကိုထုတ်ပြီး ပါပါရာဇီကို ပြန်ရိုက်နေတဲ့ပုံစံဖြင့် စနောက်ခဲ့ပါတယ်။

တတိယ အကြိမ်မှာ ပါပါရာဇီကို မိပြီဆိုတဲ့သဘောနဲ့ လက်ညှိုးထိုးပြီး စနောက်ခဲ့ကြတာပါ။

စတုတ္ထအကြိမ်မိတဲ့အခါမှာတော့ မျက်စိစွေပြီး ပါပါရာဇီကို ပြောင်ပြတဲ့ပုံမျိုးလုပ်ပြခဲ့ပါတယ်။

Joe Jonas နဲ့ Sofia Turner တို့ ဇနီးမောင်နှံ ပါပါရာဇီတွေကို ပြန်ပညာပြတဲ့ ပုံတွေဟာ ချစ်ဖို့ကောင်းလွန်းတာကြောင့် လူအများက Joe တို့ လင်မယားကို ချီးကျူးနေကြပါပြီ။ အမြဲတကောက်ကောက်လိုက်ပြီး အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီ တွေကို ဒီထက်ပိုပြီး ပညာပြသင့်ပါတယ်။ တခြားဟောလိဝုဒ် အနုပညာရှင်တွေလဲ ဒီလိုမျိုး ပညာပြနိုင်ဖို့ မျှော်လင့်မိပါတယ်။

(ပိုပိုလေး)



Follow us on