1. Home
  2. Movie Stars - Celebrity

ထိုင်းစကားမေ့သွားတာကို ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့တုန့်ပြန်လိုက်တဲ့ Lalisa Manoban

Movie Stars - Celebrity พ.ค. 16, 2562 view 1,621

တောင်ကိုးရီးယား အမျိုးသမီးကေပေါ့ပ်အဖွဲ့ Blackpink ဟာဆိုရင် အနောက်နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားပြီး လတ်တလော တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားနိုင်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ blackpink ထဲမှ အငယ်ဆုံးအဖွဲ့ဝင် Lisa ဟာထိုင်းလူမျိုးတစ်ယောက်ဖြစ်ပြီး သူမနာမည်အရင်းကတော့ Lalisa manoban ပဲဖြစ်ပါတယ်။ ကိုးရီးယားမှာ ၆ နှစ်ကျော် ၇ နှစ်နီးပါး နေထိုင်လာပြီး အခုဆိုရင် ဖျော်ဖြေရေးအတွက် အနောက်နိုင်ငံတွေအထိပါ လှည့်လည်သွားလာနေရတာဖြစ်လို့ Lisa တစ်ယောက် ထိုင်းစကားတွေကို မေ့လုနီးပါးဖြစ်နေပါပြီ။ Lisa ဘယ်လိုအခြေအနေမျိုးမှာ ထိုင်းစကားကို မေ့သွားလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink ဟာ ပြီးခဲ့တဲ့ ၂၀၁၈ အတွင်း တောင်ကိုးရီးယား နာမည်ကျော်အစီအစဉ် idol room ရဲ့ အပိုင်း ၇ မှာပါဝင်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ 357 dance challenge ပြုလုပ်ခဲ့ကြပါတယ်။ ဒီ dance challenge ကတော့ MC နှစ်ယောက် ပါးစပ်ကအော်တဲ့ အရေအတွက်အတိုင်း blackpink အဖွဲ့ဝင်တွေက ကရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာ MC က ‘soon’ လို့အော်လိုက်တဲ့အချိန် အဖွဲ့ဝင်လေးယောက်လုံး ကြောင်သွားပါတယ်။ soon ဆိုတာကတော့ ထိုင်းလို ‘သုည’ လို့ဆိုလိုခြင်းဖြစ်ပြီး MC တွေက ကတာ ရပ်ဖို့ အသိပေးခြင်းဖြစ်ပါတယ်။ Lisa က ထိုင်းလူမျိုးတစ်ဦးဖြစ်တဲ့အတွက်  ‘သုည’ ကို ‘soon’ လို့အော်ပြီး အသိပေးခဲ့တာပါ။ ဒါပေမဲ့ Lisa တစ်ယောက် သုညကို ထိုင်းလို soon လို့ခေါ်တယ်ဆိုတာ မေ့သွားခဲ့ပါတယ်။

MC က ထိုင်းလို သုညကို ဘယ်လိုခေါ်လဲမေးတော့မှ Lisa သတိရသွားပြီး ထိုင်းမှာရှိတဲ့ မိသားစုဝင်တွေကို တောင်းပန်ခဲ့ပါတယ်။ “ထိုင်းလို သုညကို soon လို့ခေါ်တာ မေ့သွားတာမဟုတ်ပါဘူး soon ကို အင်္ဂလိပ်လို “မကြာမီ”  လို့အဓိပ္ပါယ်ရတဲ့ soon လို့ထင်ခဲ့တာပါ” လို့ ပြောကြားသွားပါတယ်။ Lisa တစ်ယောက် ထိုင်းစကားကို ဘယ်လို မေ့သွားခဲ့သလဲဆိုတာ အောက်ပါ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

(ပိုပိုလေး)



Follow us on