1. Home
  2. Special or Others

တောင်ပြုန်ပွဲတော်စတင်ပြီ

Special or Others ส.ค. 26, 2558 view 1,952

တောင်ပြုန်းပွဲတော် ဘယ်လိုစ... 

အေဒီ ၁၀၄၄ ခုနှစ် ပုဂံခေတ် အနော်ရထာမင်းလက်ထက်က တောင်ပြုန်းကျေးရွာမှာ ဘုရားတည်ဖို့ မင်းကြီးက သူ့ရဲ့စစ်တပ်အတွင်းကသူတွေကို အုတ်တစ်ချပ်စီ လှူဒါန်းစေရာမှာ ရွှေဖျင်းကြီးနဲ့ ရွှေဖျင်းလေးတို့ကတော့ အပျော်အပါးခုံမင်ပြီး အုတ်ချပ်တွေ လှူဖို့ပျက်ကွက်ခဲ့တာကြောင့် ကွပ်မျက်ခံခဲ့ရပြီး နတ်စိမ်းတွေဖြစ်သွားကြတယ်။ အနော်ရထာမင်းထံမှာ သူတို့ စံမြန်းဖို့ နေရာတောင်းခံခဲ့ရာက တောင်ပြုန်းရွာကို အပိုင်စား ပေးလိုက်ရာကစလို့ ရွှေဖျင်းညီနောင် မင်းနှစ်ပါးကို ပူဇော်ပသတဲ့ အလေ့အထဟာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းနေ ဒီနေ့အချိန်ထိ လက်ဆင့်ကမ်းလာခဲ့ကြပါတယ်။ တောင်ပြုန်းဘုရား စတင်တည်ထားတဲ့အချိန်ကစလို့ ဒီနေ့အချိန်ထိ ဘုရားဝင်ပေါက်မှာ အုပ်နှစ်ချပ်လပ်နေတာကို ဘုရားဖူးလာရောက်သူတွေ တွေ့ရှိရမှာဖြစ်ပါတယ်။ 

အစဉ်အလာမပျက်တဲ့ တောင်ပြုန်းပွဲ 

ပွဲတော်ကို ပထမနေ့ ကန်တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊ တတိယနေ့ည ညီလာခံဝင်၊ စတုတ္ထနေ့ ချိုးရေတော်သုံး၊ ပဉ္စမနေ့ နန်းတက်ပွဲ၊ ဆဋ္ဌမနေ့ ယုန်ထိုး၊ သတ္တမနေ့ ထိမ်ပင်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်းဆိုပြီး ရှစ်ရက်အတွက် အခမ်းအနား ရှစ်မျိုးခွဲပြီး ကျင်းပပါတယ်။ ဒီနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ တောင်ပြုန်းပွဲတော်ကြီး စခဲ့ပြီ။ နိုင်ငံကျော်တဲ့ တောင်ပြုန်း၊ ကမ္ဘာကျော်တဲ့ တောင်ပြုန်း၊ နတ်ကိုးကွယ်မှုကို ဆန့်ကျင်သူတွေ ရှိခဲ့ပေမယ့် ဒီနေ့အချိန်ထိ နှစ်စဉ်မပျက်ကျင်းပနိုင်ခဲ့တဲ့ တောင်ပြုန်း၊ ကမ္ဘာ့စီးပွားပျက်တဲ့ နှစ်မှာလည်း ကျင်းပနိုင်ခဲ့တဲ့ တောင်ပြုန်း၊ တိုင်းပြည် အုပ်ချုပ်မှုအခြေအနေ ပြောင်းလဲခဲ့တဲ့နှစ်တွေမှာလည်း နတ်ကတော်တွေ အပြုံးမပျက် ကခဲ့ကြတဲ့ တောင်ပြုန်း၊ မိန်းမလျာတွေ ကြီးစိုး မောင်းနှင်တာ ခံနေရတဲ့ တောင်ပြုန်းပွဲတော်ကြီးဟာ အစဉ်အလာအတိုင်းပဲ လူမျိုးပေါင်းစုံနဲ့ စည်ကားလို့နေလေရဲ့။



Follow us on