1. Home
  2. Movie Stars - Celebrity

JYJ အဖွဲ့မှ အပြီးအပိုင် ထုတ်ခံလိုက်ရပြီဖြစ်တဲ့ မစ်ကီယူချန်း

Movie Stars - Celebrity พ.ค. 17, 2562 view 1,613

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ မစ်ကီယူချန်းဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ တရားရုံးမှာ အမှုဖွင့်စစ်ဆေး ခံနေရတာပဲဖြစ်ပါတယ်။ ရဲစခန်းမှ ပတ်ယူချန်းကို မူးယစ်သုံးစွဲမှု သံသယရှိခဲ့ရာ နေအိမ်ကိုဝင်ရောက်စစ်ဆေးခဲ့ပြီး ခြေသလုံးမွေးကိုယူကာ DNA စစ်ဆေးရာမှ positive ဖြစ်နေခဲ့ပါတယ်။ မူးယစ် အမှုပေါ်ပေါက်လာပြီးနောက် ပတ်ယူချန်းကိုယ်တိုင်အနုပညာလောကမှ နှုတ်ထွက်မည်ဖြစ်ကြောင်း၊ ပရိတ်သတ်ကိုတောင်းပန်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ၁၆ နှစ်ကြာ လက်တွဲခဲ့တဲ့ JYJ အဖွဲ့သားတွေကရော ယူချန်းကိုဘာကြောင့် အဖွဲ့ထဲက ထုတ်ပစ်သလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read more ကိုနှိပ်ပါ။<<

ပတ်ယူချန်းဟာ လတ်တလောအခြေအနေအရ philopone အမည်ရှိ မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင် ၁၅ နှစ်ကျနိုင်ချေရှိနေပါတယ်။ JYJ အဖွဲ့ရဲ့ official facebook စာမျက်နှာမှာ ယူချန်းရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအကျဉ်းကို ဖျက်လိုက်ပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Jaejoong နဲ့ Junsu တို့ပဲ ကျန်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ C-Jes Entertainment မှလဲ ယူချန်းရဲ့ ကိုယ်ရေးအကျဉ်းကို Homepage မှဖယ်ရှားလိုက်ပြီပဲဖြစ်ပါတယ်။ ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမယ်ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ညီိအစ်ကိုလိုတစ်မျိုး၊ သူငယ်ချင်းလို တစ်ဖုံခင်မင်ရတဲ့ jaejjong တို့ junsu တို့ဟာ မစ်ကီယူချန်းကို အမှန်တကယ်ပဲ အဖွဲ့ကထုတ်ပစ်ပြီး စွန့်ပစ်လိုက်ပြီလားဆိုတာ။

(ပိုပိုလေး)


 

 



Follow us on