1. Home
  2. Special or Others

မဲလိမ်လည်မှု တွေ့ရှိရပြီး ရုရှား The Voice Kid အစီစဉ် ဖျက်သိမ်း

Special or Others พ.ค. 17, 2562 view 1,562
ရုရှားနိုင်ငံမှာ စီစဉ်တင်ဆက်နေတဲ့ သီချင်းဆိုပြိုင်ပွဲ The Voice Kid Season 6 ရဲ့ Final မှာ ဖုန်းကနေ တစ်ဆင့် ပရိသတ်တွေ မဲပေးတဲ့ စနစ်မှာ မသမာမှု၊ လိမ်လည်မှုတွေ တွေ့ရှိခဲ့ပြီးနောက် အစီစဉ်ကို ထိခိုက်မှု ရှိခဲ့တဲ့အတွက် ပွဲကိုဖျက်သိမ်းကြောင်း ရုပ်သံလိုင်းက ကြေညာလိုက်ပါတယ်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
 
The Voice Kid Russia Season 6 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် Mikella Abramova ဟာ Final မှာ မဲရလာဒ် ၅၆.၅% နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒါပေမယ့် ဒီမဲရလာဒ်တွေဟာ မသမာဘူးလို့ အွန်လိုင်းနည်းပညာ ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီ Group-IB က တွေ့ရှိခဲ့ပြီး သတင်းပို့ခဲ့ပါတယ်။ တွေ့ရှိချက်မှာတော့ လူမဟုတ်ပဲ နည်းပညာအစီစဉ်နဲ့ အလိုလျှောက် ထပ်တလဲလဲ ပေးထားတဲ့ မဲတွေကို တွေ့ရှိခဲ့ပါတယ်။
 
 
ပြိုင်ပွဲဝင် Mikella Abramova ဟာ ရုရှား ပေါ့ပ်အဆိုတော် Alsou နဲ့ စီးပွားရေးလုပ်ငန်းရှင် မီလီယံနာသူဌေးကြီး Yan Abramov တို့ရဲ့ သမီးဖြစ်ပြီး သူ့အတွက် မဲပေးခဲ့တဲ့ ဖုန်းနံပါတ်တွေကို နောက်ကြောင်းပြန်စစ်ဆေးရာမှာ မသမာမှုတွေ တွေ့ခဲ့တာဖြစ်ပါတယ်။
 
 
 
ဖုံးနံပါတ်ပေါင်း ၃၀၀ ကနေ မသမာတဲ့နည်းနဲ့ မက်ဆေ့ပေးပို့မှု ၈၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့ပါတယ်။ ဖုန်းနံပါတ်တွေအားလုံးက ဆက်သွယ်းရေးဖုန်းလိုင်း အော်ပရေတာ တစ်ခုထဲ သုံးထားပြီး မဲပေးလက်ခံမှုပေါင်း ၃၀,၀၀၀ ကျော် တွေ့ရတယ်လို့ Group-IB က ဆိုပါတယ်။
 
The Voice Kid Russia ကို တင်ဆက်နေတဲ့ ဒေသတွင်းရုပ်သံလိုင်း Channel One ရဲ့ ထုတ်ပြန်ချက်မှာတော့ “အလယ်အလတ်စုံစမ်းမှု အဆင့်မှာတင် ပြင်ပကနေ မသမာတဲ့ နည်းနဲ့ မဲပေးခဲ့တာကို တွေ့ရှိခဲ့ရပါပြီ၊ ဒီရလာဒ်ဟာ ရှိုးကို အကြီးအကျယ် ထိခိုက်စေပါတယ်။ အပြီးသတ် စုံစမ်းရရှိတဲ့ အချက်လက်တွေကို Group-IB က နေ မေလအကုန်မှာ ထုတ်ပေးနိုင်မှာပါ။ 
 
ဒါပေမယ့် အခုစုံစမ်းတွေ့ရှိရသလောက်နဲ့တင်  Season 6 ရဲ့ Final အဖြေဟာ လက်ခံနိုင်စရာမရှိတာကြောင့် ရှိုးကို ပယ်ဖျက်လိုက်ပါပြီ” လို့ ထုတ်ပြန်ခဲ့ပါတယ်။
 
ယခုလို အဖြစ်ပျက်မျိုးဟာ ပထမဦးဆုံး အကြိမ်နဲ့ နောက်ဆုံးဖြစ်စေရမှာဖြစ်ပြီး နောက်ထပ် ဒီလိုအဖြစ်ပျက်မျိုး မဖြစ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ်လို့ Channel One က ပရိသတ်တွေကို ကတိပေး တောင်းပန်လိုက်ပါတယ်။

 



Follow us on