1. Home
  2. Movie Stars - Celebrity

အသက် (၇၀)ကျော် ပြင်သစ်လူမျိုးတေးရေးဆရာနဲ့ တိတ်တဆိတ် လက်ထပ်ထားတဲ့ ဂေါင်းလီ

Movie Stars - Celebrity พ.ค. 17, 2562 view 1,737

ကမ္ဘာကျော် တရုတ်မင်းသမီး ဂေါင်းလီဟာဆိုရင် ဒီနှစ်ထဲမှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။ တရုတ်သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ဂေါင်းလီဟာ အသက် ၇၀ အရွယ် ပြင်သစ်လူမျိုးတေးရေးဆရာနဲ့ တိတ်တဆိတ်လက်ထပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဂေါင်းလီတစ်ယောက် သူမချစ်သူ ပြစ်သစ်လူမျိုး Jean-Michel Jarre နဲ့ ဘယ်လိုတွေ့ဆုံခဲ့သလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဘေကျင်းသတင်းစာမှာ ဖော်ပြချက်အရ မင်းသမီးကြီး ဂေါင်းလီဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံ Cannes မြို့လေဆိပ်မှာတည်ရှိနေခဲ့ပြီး သူမချစ်သူ Jare ကို လာရောက်စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။ နှစ်ဦးသား တစ်ဦးလက်ကို တစ်ဦး မြဲမြံစွာ ဆုပ်ကိုင်ထားပြီး လမ်းလျှောက်လာကြတာကို စောင့်ကြည့်နေတဲ့ ပါပါရာဇီသတင်းသမားအချို့က မြင်တွေ့ခဲ့ကြောင်း ပြောထားကြပါတယ်။

ဂေါင်းလီဟာ Cannes Film Festival မှာ Women in Motion Honour ဆုကို ဆွတ်ခူးရယူဖို့ ပြင်သစ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဂေါင်းလီရဲ့ ချစ်သူ Jarre ဟာရှေးဟောင်း တေးဂီတများကို တီးခတ်ရေးသားသူတစ်ဦးဖြစ်ပြီး ပြင်သစ်ရုပ်ရှင်လောကမှာ အရေးပါအရာရောက်သူတစ်ဦးဖြစ်ပါတယ်။

Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ ရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌကိုယ်တိုင် အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားခြင်းခံရသူတစ်ဦးလဲဖြစ်ပါတယ်။ ဂေါင်းလီနဲ့ သူမချစ်သူ Jarre တို့ကို ရှော့ပင်းမောလ်တစ်ခုမှာလဲ တွေ့ရှိခဲ့ကြောင်း လူအချို့ကပြောလာကြပါတယ်။

ဂေါင်းလီဟာ ၂၀၁၀ ခုနှစ်မှာခင်ပွန်းဟောင်းနဲ့ အိမ်ထောင်သက်တမ်း ၁၃ နှစ်မှာ ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၁၉၄၀ ခုနှစ်က အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး လာမယ့်နှစ်မှာတော့ Disney က ရိုက်ကူးမယ့် Mulan ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on