1. Home
  2. Movie Stars - Celebrity

သမီးလေး “ဘာဘီ” ရဲ့ သီးချင်းမှာ ထူးအယ်လင်းတောင် လွင့်မျောသွားတယ် (ရုပ်သံ)

Movie Stars - Celebrity พ.ค. 17, 2562 view 1,742
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်အဆိုတော် ထူးအယ်လင်း ရဲ့ သမီးကြီးဖြစ်တဲ့ “ဘာဘီ (ခ) ဖြူဖြုစင်စင်လင်း” က အသက် ၉ နှစ်သာ ရှိသေးပေမယ့် မိဘတွေရဲ့ အနုပညာအမွေကို ဆက်ခံမယ် ဆိုတဲ့ နိမိတ်ပုံအဖြစ် ဖခင်ကို သီချင်းဆိုပြခဲ့တာကြောင့် အဆိုတော်ကြီး ထူးအယ်လင်း ကိုယ်တိုင် အံ့သြချီးကျူးခဲ့ပါတယ်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
 
ထူးအယ်လင်းက သူ့ရဲ့လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ သူ့သမီးလေး သီချင်းဆိုပြတဲ့ ရုပ်သံကို ချပြလိုက်ပါတယ်။
 
“ပါပါးကိုသီချင်းဆိုပြတဲ့ သမီးဘါးဘီ(ဖြူဖြူစင်စင်လင်း)
သမီးအသက်က ၉ နှစ်ပဲရှိသေးတယ် 
သီချင်းဆိုတာတော့ အတည်ပဲ” လို့ ရေးသားခဲ့ပါတယ်။
 
ပရိသတ်တွေကတော့ သီချင်းကို နားထောင်ပြီး “အဖေတူသမီးလေး” လို့ မှတ်ချက် ဝိုင်းပေးထားကြပါတယ်။
 
 
ထူးအယ်လင်း ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ဆိုင်ကယ်ချစ်သူ ညီအစ်ကိုများ အဖွဲ့နဲ့ ပူးပေါင်းပြီး ဝေးလံသီခေါင်တဲ့ ဒေသတွေအထိ သွားရောက်ကာ ဗုဒ္ဓသာသနာအတွက် ဘုရားတည် ကျောင်းဆောက် စတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း မနားမနေ ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
 
ရုပ်သံ/ဓါတ်ပုံ - ထူးအယ်လင်း(FB)


Follow us on