1. Home
  2. Movie Stars - Celebrity

သူ့ထက် (၁၇) နှစ်ငယ်တဲ့ ချစ်သူကောင်မလေးကိုအတိအလင်းချပြလိုက်တဲ့ So Ji Sub

Movie Stars - Celebrity พ.ค. 17, 2562 view 1,669

တောင်ကိုးရီးယားနိုင်ငံ အိမ်ထောင်မပြုရသေးတဲ့ ဦးလေးကြီးမင်းသားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ So Ji Sub ဟာ သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ သတင်းကြေညာသူ Jo Eun Jung နဲ့ တွဲနေတာဖြစ်ကြောင်း dispath မီဒီယာမှ ဖော်ထုတ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းသား So Ji Sun ရဲ့ အေဂျင်စီ 51k က ဘယ်လိုတုန့်ပြန်ထားလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

So Ji Sub အေဂျင်စီ ထုတ်ပြန်ချက်>>

“သရုပ်ဆောင် So Ji Sub နဲ့ သတင်းကြေညာသူ Jo Eun Jung တို့တွဲနေတယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ One Night of Entertainment ရဲ့ အင်တာဗျူးမှာတွေ့ခဲ့ကြပြီး အခုဆိုရင်ခိုင်မာတဲ့ RS တစ်ခုကို တည်ဆောက်ထားပြီးပါပြီ။ သူတို့နှစ်ယောက် တွဲနေတာ အချိန်ဘယ်လောက်ကြာပြီဆိုတာတော့ သူတို့ Personal ဖြစ်တဲ့အတွက် ကျွန်တော်တို့လဲ အတိအကျမပြောနိုင်ပါဘူး” ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။

Dispath ရဲ့ ထုတ်ပြန်ချက်အရ တော့ပ်စတားနှစ်ယောက်ဟာ တွဲနေတာ တစ်နှစ်နီးပါး ရှိခဲ့ပြီလို့ သိရပါတယ်။ Dispath မှ So Ji Sub နဲ့ Jo Eun Jung တို့ တွဲနေတယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ သူတို့နှစ်ဦး Hannam-dong ရှိ café တစ်ခုမှာ ချိန်းတွေ့နေတဲ့ ပုံများကို ချပြခဲ့ပါတယ်။

Dispath သတင်းထောက်များပြောကြားချက်အရ So Ji Sub နဲ့ Jo Eun Jung တို့မှာ အသက်အရွယ်အားဖြင့် ၁၇ နှစ်တိတိကွာခြားပေမယ့် တစ်ဦးကိုတစ်ဦး နားလည်မှု အပြည့်ရှိတဲ့ relationship တစ်ခုကို အခိုင်အမာ တည်ဆောက်ထားကြောင်းသိရပါတယ်။

သရုပ်ဆောင် So Ji Sub နဲ့ မင်းသားကြီး Song Seung Heon (ဂျွန်စော) တို့ဟာဆိုရင် မင်းသားမဖြစ်ခင်ကတည်းက ပြင်ပမှခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းများဖြစ်ကြပါတယ်။ နှစ်ယောက်သား အသက်အကြီးဆုံး လူပျိုကြီး မင်းသားတွေလို့နာမည်ကြီးပြီး အခုဆိုရင် So Ji Sub က ရည်းစားရသွားပြီမို့ Song Seung Heon တစ်ယောက် ဘယ်တော့များမှ အိမ်ထောင်ပြုမလဲဆို ပရိတ်သတ်တွေ သိချင်နေကြပါပြီ။

(ပိုပိုလေး)


 

 



Follow us on