1. Home
  2. Movie Stars - Celebrity

လမ်းဘေးဂီတဝိုင်းမှာ ကိုယ်ပိုင်သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ‘နိုဗန်ထူး’ (ရုပ်သံ)

Movie Stars - Celebrity พ.ค. 20, 2562 view 1,467
The Voice Myanmar Season 2 ရဲ့ ပြိုင်ပွဲဝင် ‘နိုဗန်ထူး’ ဟာ ဂီတလမ်းကြောင်းပေါ်က မိတ်ဆွေရောင်းရင်းတွေနဲ့အတူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက မြို့တော်ခန်းမရှေ့က အခမဲ့လမ်းဘေးဖျော်ဖြေပွဲ (Free Show) လေးမှာ ဝင်ရောက်သီဆို ဖျော်ဖြေခဲ့တာတွေ့ရပါတယ်။
 
ခံယူချက်အတွေးအမြင်တွေကို သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲထားတဲ့ စာသားတွေနဲ့အတူ လွပ်လပ်ပေါ့ပါးစွာ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေခဲ့တာကို ရုပ်သံမှာ တွေ့ရပါတယ်။
 
 
“နိုဗန်ထူး” ဟာ လက်ရှိမှာတော့ The Voice Myanmar ရဲ့  Final ကို တက်ရောက်သွားခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ည Live Show သီဆိုယှဉ်ပြိုင်မှုမှာ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။
 
ရုပ်သံ - မြတ်စုငြိမ်း


Follow us on