1. Home
  2. Movie Stars - Celebrity

(၂) နှစ်ကြာ လက်တွဲခဲ့တဲ့ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Scarlett Johansson

Movie Stars - Celebrity พ.ค. 21, 2562 view 1,519

Marvel ရုပ်ရှင်စီးရီး Avengers မှ Black Widow အဖြစ်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးချောလေး Scarlett Johansson ဟာ (၂) နှစ်ကြာလက်တွဲလာတဲ့ချစ်သူ Colin Jost နဲ့ တရားဝင်စေ့စပ်လိုက်ပြီပဲဖြစ်ပါတယ်။ Scarlett တစ်ယောက်နဲ့ ဘယ်လိုဖြစ်လို့ Colin Jost နဲ့ အမြန်ဆုံး စေ့စပ်ဖြစ်သလဲဆိုတာ သိရဖို့ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Scarlett ဟာ ဟာသ သရုပ်ဆောင် Colin Jost နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၁၇ မှာ အတိအလင်း စတင်တွဲခုတ်ခဲ့တာဖြစ်ပြီး လတ်တလော ပြသပြီးဖြစ်တဲ့ Endgame premiere ပွဲကိုလဲ အတူတက်ရောက်ခဲ့ကြပါတယ်။

Scarlett ရဲ့ ကိုယ်ရေးကိုယ်တာ ပြောရေးဆိုခွင့်တစ်ဦးမှ သူတို့နှစ်ဦး စေ့စပ်ဖြစ်တဲ့အကြောင်းအရင်းကို ပြောကြားလာပါတယ်။

“နှစ်ယောက်လုံးက သူ့နယ်ပယ်နဲ့ သူ တော်ပြီးထက်မြက်ကြသူတွေပါ၊ တစ်ယောက်ကို တစ်ယောက်လေးစားပြီး တန်ဖိုးထားကြတယ် အမှန်တကယ်နတ်ဖတ်တဲ့ စုံတွဲပါပဲ သူတို့နှစ်ဦးက သဘာဝကျတဲ့ Relationship တစ်ခုကိုတည်ဆောက်ဖို့ အမြဲကြိုးစားနေကြတာပါ” ဟုပြောကြားသွားပါတယ်။

Scarlett အတွက်တော့ Colin ဟာ တတိယမြောက်တစ်ယောက်ဖြစ်ပြီး Colin Jost ကတော့ တစ်ခါမှလက်ထပ်ခြင်းမျိုးမရှိသေးပါဘူး။ Scarlett ရဲ့ ခင်ပွန်းဟောင်းတွေကတော့ Deadpool မင်းသား Ryan Reynolds နဲ့ နာမည်ကျော် ဂျာနယ်လစ် Romain Dauriac တို့ပဲဖြစ်ပါတယ်။ Romain Dauriac နဲ့ သမီးလေးတစ်ယောက်ရရှိပြီးမှ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။  လက်ရှိမှာ သမီးလေး Rose ဟာ Scarlett နဲ့ အတူတကွနေထိုင်တာဖြစ်ပါတယ်။ Colin Jost ဟာ Rose အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)

 

 



Follow us on