1. Home
  2. Movie Stars - Celebrity

So Ji Sub တစ်ယောက် ရည်းစားထားနေပြီဆိုတာ သိသာထင်ရှားစေတဲ့အပြုအမူများ

Movie Stars - Celebrity พ.ค. 22, 2562 view 1,581

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသား တစ်ဦးဖြစ်တဲ့ So Ji Sub ဟာ သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ သတင်းကြေညာသူမိန်းကလေးနဲ့ တွဲနေပြီဖြစ်ကြောင်း အေဂျင်စီကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။ So Ji Sub ဟာ Jo Eun Jung နဲ့ ရည်းစားသက်တမ်းတစ်နှစ်ခန့် ရှိနေပြီဖြစ်ပါတယ်။ ဒီကြားထဲ ဦးလေးကြီးကို ရည်းစားမရှိ တစ်ကိုယ်တည်းလူပျိုကြီးလုပ်တော့မယ်လို့ ပရိတ်သတ်တွေထင်ခဲ့ကြတာပါ။ ဒါပေမဲ့ So Ji Sub ဟာ အမျိုးသမီးတွေအပေါ်ထားရှိတဲ့ သူ့အပြုအမူတွေကနေတစ်ဆင့် ရည်းစားထားနေပြီဖြစ်ကြောင်း ပြသခဲ့ပုံပါပဲ။ So Ji Sub တစ်ယောက် ပရိတ်သတ်ကို ဘယ်လို အရိပ်အမြွက်တွေပေးခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

So Ji Sub ပါဝင်တဲ့ နာမည်ကျော် ရုပ်ရှင်ကားကြီး Battleship island ရဲ့ ရုပ်ရှင်အကြိုမိတ်ဆက်ပွဲအခမ်းအနားမှာ ကလေးသရုပ်ဆောင် Kim Soo Ahn က စကပ်အတိုဝတ်ခဲ့မိပြီး အနေကျပ်နေတာကို တွေ့ရမှာပါ။ ဒါကို သတိထားမိတဲ့ So Ji Sub က သူ့အိတ်ကပ် ထဲက လက်ကိုင်ပဝါကို ထုတ်ပြီး Kim Soo Ahn ရဲ့ ခြေထောက်ကိုဖုံးဖိပေးခဲ့ပါတယ်။

နောက်တစ်ခုကတော့ So Ji Sub ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Oh My Venus ရဲ့ ပရိုမိုးရှင်းပွဲမှာပဲဖြစ်ပါတယ်။ Shin Min Ah ဟာ ရေသန့်ဘူးအဖုံး ဖွင့်မရလို့ ဝန်ထမ်းကို အကူအညီတောင်းတဲ့အခါ So Ji Sub ကယူပြီး ရေဘူးအဖုံးကို မသိမသာဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဦးလေးကြီးဟာ အမျိုးသမီးတွေအပေါ် ဂရုစိုက်ကြင်နာတတ်တဲ့ ပုံမျိုး ပြသနေတာဟာ သူရည်းစားထားနေပြီဖြစ်ကြောင်း သိသာထင်ရှားအောင် ပြသနေပုံပါပဲ။ ဒါကို မသိတဲ့ ပရိတ်သတ်တွေကသာ ဦးလေးကြီး တစ်သက်လုံး လူပျိုကြီးလုပ်မယ် ထင်မှတ်ခဲ့ကြတာပါ။ အခုတော့ သူ့ထက် ၁၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ရည်းစားသက်တမ်း တစ်နှစ်ရှိနေပြီဖြစ်ပြီး ခိုင်မာတဲ့ relationship တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ။

(ပိုပိုလေး)



Follow us on