တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ ကင်မ်ဝူဘင်းဟာ ကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အနုပညာအလုပ်များ ခေတ္တရပ်ဆိုင်းထားတာပဲဖြစ်ပါတယ်။ကင်မ်ဝူဘင်းတစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က တောင်ကိုးရီးယား၊ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဗုဒ္ဓမွေးနေ့ပွဲကို ညီအစ်ကိုလိုခင်မင်ရတဲ့ ဂျိုအင်ဆောင်းနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဝူဘင်းအရင်ကထက် နေကောင်းကျန်းမာလာတာကို မြင်ရတဲ့ ပရိတ်သတ်တွေအနေနဲ့ ဝမ်းသာပီတိဖြစ်ကြရပြီး နေမကောင်းဖြစ်နေစဉ်အတောအတွင်း ဂရုစိုက်ပေးကြတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို သူ့ပရိတ်သတ်တွေက ကျေးဇူးတင်နေကြပါတယ်။ ဝူဘင်းရဲ့ သူငယ်ချင်းတွေကလဲ နာမည်ကျော်မင်းသားတွေပဲမို့ သူဘယ်သူတွေနဲ့ ခရီးသွားခဲ့လဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ကင်မ်ဝူဘင်းလက်ရှိအနေအထားအရ ကျန်းမာရေး လုံးဝဥဿုံ ပြန်ကောင်းတာမျိုးမဟုတ်သေးပေမဲ့ အရင်ကထက်စာရင် အခြေအနေပိုကောင်းလာပြီဖြစ်ကြောင်း သူ့အေဂျင်စီမှ သတင်းအတိအကျထုတ်ပြန်ထားပါတယ်။ ဒီလို နေမကောင်းဖြစ်နေတဲ့ ကင်မ်ဝူဘင်းကို စိတ်ညစ်ညူးမှုတွေ ပြေပျောက်သွားအောင် သူငယ်ချင်းတတွေ ခရီးအတူသွားကြဖို့ စီစဉ်ခဲ့ပုံပါပဲ။
ကိုးရီးယားဖန်တွေ Jo In Sung Squads လို့ခေါ်ကြတဲ့ ဂျိုအင်ဆောင်းနဲ့ သူ့ညီအစ်ကိုများအဖွဲ့ဟာ ဂျပန်သို့ အတူတကွခရီးထွက်ခဲ့ကြပါတယ်။ ဂျိုအင်ဆောင်း၊ ကင်မ်ဝူဘင်၊ လီကွမ်ဆူး(Running Man) နဲ့ Exo အဖွဲ့ဝင် D.O(ချစ်နေ့စွဲ ၁၀၀ မှ ခေါင်းဆောင်မင်းသား) တို့ဟာ ပြင်ပမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်ကြပါတယ်။
နေမကောင်းလို့ အပြင်မထွက်ဖြစ်တဲ့ ဝူဘင်းကို အခုလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ခရီးထွက်တာမျိုး မြင်ရတာဟာ ဝမ်းသာကြည်နူးစရာပါပဲ။
ကင်မ်ဝူဘင်း တစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာပြီး ဇာတ်ကားတွေ ပြန်ရိုက်စေနိုင်ဖို့ အတူဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)