
တောင်ကိုးရီးယားနိုင်ငံဟာဆိုရင် ရုပ်ရည်ချောမောပြေပြစ်လှတဲ့ မင်းသား၊ မင်းသမီး အဆိုတော်တွေကြောင့် လူသိများလာတာဖြစ်ပါတယ်။ ဒီမင်းသား၊ မင်းသမီးတွေဟာ ရုပ်ရည်ချောမောနေရုံသာမက သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကို အမြဲထိန်းသိမ်းလျက်ရှိကြပါတယ်။ ဒါကြောင့် မျက်နှာရော ခန္ဓာကိုယ်အချိုးအစားတွေပါ အပြစ်ပြောစရာမရှိအောင် ပြေပြစ်လှပနေကြတာပဲ မဟုတ်ပါလား။ ဒီလို လုံးဝ Perfect ဖြစ်နေတဲ့ သူတွေဟာလဲ တစ်ချိန်တုန်းက သူလိုကိုယ်လို လူတွေထဲကပါပဲ။ မလှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကနေ ပြီးပြည့်စုံတဲ့ အလှတရားတွေရရှိဖို့ ဘယ်သူတွေက ပြောင်းလဲခဲ့သလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
.jpg)
တစ်ကိုယ်တော် အဆိုတော် Park Bo Ram ဟာဆိုရင် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကိုပြောင်းလဲခဲ့ပြီး ကိုယ်အလေးချိန်ကျသွားတဲ့အခါမှာ တခြားတစ်ယောက်လို့တောင် ထင်မှတ်ရစေပါတယ်။
.jpg)
ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Kwon Mijin ဟာ ဝိတ်ချပြီး ပရိတ်သတ်ကို အံ့အားသင့်စေခဲ့ပါတယ်။
.jpg)
မော်ဒယ်၊ အဆိုတော်၊ မင်းသမီးချောလေး Sulli ဟာလဲ ဝိတ်ချပြီးနောက်ပိုင်းပိုမို လှပလာတာတွေ့ရမှာပါ။

နာမည်ကျော် ကေပေါ့ပ်အဖွဲ့ Red velvet မှ Wendy ဟာဆိုရင် အဆိုတော်မဖြစ်ခင်တုန်းက overweight ဖြစ်ခဲ့ပြီး ပွဲဦးထွက်ဖို့ ဝိတ်ချခဲ့ရတာပဲဖြစ်ပါတယ်။

Girls’ Day အဖွဲ့မှ အဓိကအဆိုရှင် Minah ဟာလဲ ပွဲဦးထွက်စတုန်းက အနည်းငယ်ဝတဲ့ ပုံစံပေါက်နေပြီး နောက်ပိုင်းမှာ ဝိတ်ချလိုက်တာကြောင့် ပိုမိုလှပလာတာကိုတွေ့ရမှာပါ။

Apink အဖွဲ့ဝင် Eunji ဟာဆိုရင် ပွဲဦးထွက်စတုန်းက ဝဝပြည့်ပြည့်လေးဖြစ်ပြီး အခုဆို ဝိတ်ချလိုက်တာကြောင့် အရင်ကထက်ပိုလှတဲ့ မိန်းမချောလေး ဖြစ်သွားပါပြီ။

Suzy ကတော့ အဆိုတော်အဖြစ် MissA အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး သရုပ်ဆောင်အနေနဲ့ Dream High ဒရာမာဇာတ်လမ်းတွဲနဲ့ စတင်ပွဲဦးထွက်ခဲ့တာပါ။ Dream High မှပါဝင်တုန်းက Suzy ဟာ ဝဝပြည့်ပြည့်လေးဖြစ်ပြီး နောက်ပိုင်းဝိတ်ချလိုက်တဲ့အခါ အရင်ကထက် ပိုမိုပြီးပြည့်စုံတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။
.jpg)
သရုပ်ဆောင် Kang Sora ကတော့ အရင်က overweight ဖြစ်ခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံဖူးပါတယ်။ ဝိတ်ချပြီးနောက်ပိုင်း အရမ်းလှလာတာကြောင့် အရင်ကဓာတ်ပုံတွေကြည့်ရင် Kang Sora လို့တောင် မထင်ရတဲ့အထိပါပဲ။
.jpg)
နာမည်ကျော် ကေပေါ့ပ်အဖွဲ့ Apink မှ အဖွဲ့ခေါင်းဆောင် Chorong ဟာ ဝိတ်ချပြီးနောက်ပိုင်း ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင် ပြောင်းလဲသွားပါတယ်။
မိတ်ဆွေတို့လဲ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ သူတို့လိုလှပဖို့ သူတို့လို အပင်ပန်းခံနိုင်မှရမှာပါ။
Source-Koreaboo
(ပိုပိုလေး)
comment