1. Home
  2. Movie Stars - Celebrity

မေလ (၂၃) ရက်နေ့မှာ စစ်မှုထမ်းခြင်းပြီးဆုံးသွားပြီဖြစ်တဲ့ ဂန်ဟာနူး

Movie Stars - Celebrity พ.ค. 23, 2562 view 1,471

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ဂန်ဟာနူးဟာ ဒီနေ့ မေလ ၂၃ ရက်နေ့၊ ကိုးရီးယားစံတော်ချိန် မနက် ၁၀ နာရီအချိန်မှာ စစ်မှုထမ်းခြင်းပြီးဆုံးပြီး ပရိတ်သတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဂန်ဟာနူး တာဝန်ထမ်းဆောင်တဲ့ Daejeon စစ်တပ်မှာ လာကြိုတဲ့ ပရိတ်သတ်တွေနဲ့ စည်ကားလို့နေပါတယ်။ စစ်တပ်ထဲက ထွက်ထွက်ချင်း လာရောက်ကြိုဆိုတဲ့ပရိတ်သတ်တွေကို နှုတ်ခွန်းဆက် စကားပြောကာ ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ စစ်တပ်ထဲမှာ အများကြီး သင်ယူခဲ့ကြောင်းကို ထည့်သွင်းပြောကြားလာပါတယ်။ တစ်ဖန် ဂန်ဟာနူးက သူစစ်တပ်က ထွက်လာပြီးရင် အလုပ်ချင်ဆုံး အရာတစ်ခုအကြောင်းပြောပြလာပါတယ်။ စစ်တပ်က ထွက်လာပြီး ဂန်ဟာနူးတစ်ယောက် ဘာတွေလုပ်ချင်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Daejeon စစ်တပ်မှာ ဂန်ဟာနူးကို လာရောက်ကြိုဆိုတဲ့ ပရိတ်သတ်တွေများပြားသလို သတင်းမီဒီယာတွေလဲ အများအပြားပါ။ စစ်တပ်ထဲက ထွက်လာပြီးနောက် သူအလုပ်ချင်ဆုံး အရာတစ်ခုကိုပြောပါလို့ သတင်းထောက် တစ်ဦးကမေးမြန်းလာတဲ့အခါ “ဘီယာ အေးအေးလေး တစ်ဘူးလောက် သောက်ချင်မိတယ်” လို့ ပွင့်ပွင့်လင်းလင်းပြောကြားလာပါတယ်။

စစ်တပ်ထဲမှာ ကြိုက်နှစ်သက်မိတဲ့ အမျိုးသမီး ကေပေါ့ပ် အဖွဲ့ကိုမေးမြန်းတဲ့အခါမှာတော့ “ကျွန်တော် အဖွဲ့တော်တော်များများကို ကြိုက်ပါတယ်၊ ဒါပေမဲ့ ဒီမနက်ကြည့်ခဲ့တာတော့ twice နဲ့ Lovelyz ပါပဲ။ Red velvet ကိုလဲ ကြိုက်တယ်” ဆိုပြီးပြောသွားခဲ့ပါတယ်။

ဂန်ဟာနူးဟာ စစ်မှုထမ်းအပြီး KBS2 မှာ ထုတ်လွှင့်ပြသမယ့် ‘When the red camellias bloom’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်မှုထမ်းပြီးပြီးချင်း ဇာတ်လမ်းတွဲအသစ်နဲ့ ပြန်လာတဲ့ ဂန်ဟာနူးကို ကြိုဆိုလိုက်ကြရအောင်။

(ပိုပိုလေး)

 



Follow us on