1. Home
  2. Movie Stars - Celebrity

စိတ်ဓာတ်အောက်တန်းကျတဲ့ လူတစ်ချို့ကို ပညာရှိနည်းနဲ့ ပြန်လည်ချေပလိုက်တဲ့သင်ဇာဝင့်ကျော်

Movie Stars - Celebrity พ.ค. 23, 2562 view 1,838

မော်ဒယ်၊ သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာဆိုရင် ပရိတ်သတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ကိုယ်ခန္ဓာအလှအပကို အသားပေး ဝတ်ဆင်တတ်တဲ့ သင်ဇာဝင့်ကျော်ကို ကြိုက်နှစ်သက်သူတွေ များပြားသလို ဝေဖန် တိုက်ခိုက်သူတွေလဲများလာပါတယ်။ အရင်တုန်းကလဲ ဝေဖန်တိုက်ခိုက်သူတွေ များနေခဲ့ပေမယ့် လက်တလော ဝေဖန်မှုကတော့ သင်ဇာ့ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာပုံရပါတယ်။ သင်ဇာတစ်ယောက် ဘယ်လို ဝေဖန်တိုက်ခိုက်မှုမျိုးတွေကို ခံနေရသလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<

သင်ဇာဝင့်ကျော် လက်ရှိတွဲနေတဲ့ ချစ်သူ Yannik ကို အင်စတာဂရမ်မှာ လူတစ်ယောက်က ‘သင်ဇာဟာ pornstar တစ်ယောက်ဖြစ်ကြောင်း’ သွားရောက်ပြောကြားခဲ့ပါတယ်။ သင်ဇာ့အနေနဲ့လဲ သူ့ကို လူတွေ ဒီလိုပုတ်ခတ်ပြောဆိုနေကြတာကို သူ့ချစ်သူ Yannik ကပြန်ပြောပြလို့ သိခဲ့ရတာပဲဖြစ်ပါတယ်။

တစ်ဖန် ဂျပန်ရောက် မြန်မာလူမျိုး အကောင့်ပိုင်ရှင် Jung Hong Kim အမည်ရှိ လူတစ်ယောက်ဟာ ဂျပန် pornstar တစ်ဦးဖြစ်တဲ့ Mitsugu Somezima ကို tag ချိတ်ပြီး သင်ဇာဝင့်ကျော်နဲ့ အတူသရုပ်ဆောင်နိုင်မလားဟု public မှာ ပုံနှင့်တကွရေးသားခဲ့ပါတယ်။

ဒါကို မြင်တဲ့ ဂျပန် pornstar သရုပ်ဆောင် Mitsugu Somezima ဟာ ‘ဒါဟာ post called’ ပဲဆိုပြီး သူ၏ လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ သင်ဇာ့ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေပါတယ်။ သင်ဇာဝင့်ကျော်က ဒီလိုရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်လာတဲ့ သူရဲ့ အကောင့်ကို သူမရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှပြီး “မြန်မာနိုင်ငံက တချို့လူတွေရဲ့ စိတ်ဓာတ်ကလေးတွေပါ” လို့ ရေးသားခဲ့ပါတယ်။

(ပိုပိုလေး)



Follow us on