1. Home
  2. Movie Stars - Celebrity

Thai Mobile Operator အတွက်ကြော်ငြာပေးတဲ့ Lalisa ရဲ့ အလန်းစား ကြော်ငြာဗွီဒီယို

Movie Stars - Celebrity พ.ค. 24, 2562 view 1,514

တောင်ကိုးရီးယားနိုင်ငံ၊ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink မှ အငယ်ဆုံးအဖွဲ့ဝင် Lisa ဟာဆိုရင် ထိုင်းလူမျိုးတစ်ယောက်ပဲဖြစ်ပါတယ်။ Lisa ဟာအဆိုတော် အဖြစ်ပွဲဦးမထွက်ခင် ကာလကတည်းက YG Entertainment မှထုတ်လုပ်တဲ့ Nonagon brand အတွက် ကြော်ငြာမော်ဒယ်အဖြစ်ရပ်တည်ခဲ့သူတစ်ဦးပါ။ အဆိုတော်တစ်ယောက်အနေနဲ့ အဆိုရော အကပါ ကျွမ်းကျင်သလို ကြော်ငြာမော်ဒယ်တစ်ယောက်အနေနဲ့လဲ pro တစ်ယောက်ဖြစ်လို့နေပါတယ်။ ဒီလို အဖက်ဖက်က လိုလေသေးမရှိအောင် တော်နေတဲ့ Lisa ဟာ လတ်တလောမှာ လူသားမျိုးနွယ်  အစဉ်အဆက်ကို မြန်နှုန်းအမြင့်ဆုံး နှုန်းထားတွေနဲ့ ဆက်သွယ်ပေးမယ့် AIS operator အတွက် ကြော်ငြာဗွီဒီယိုရိုက်ကူးပေးထားပါတယ်။ ဒီကြော်ငြာ ဗွီဒီယိုမှာ Lisa ကထိုင်းဘာသာစကားနဲ့ ပြောကြားပြီး သရုပ်ဆောင်ထားတာပါ။ Lisa တစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ကြော်ငြာထားလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

AIS ဟာဆိုရင် 4G နဲ့ wifi ပေါင်းစည်းထားတဲ့ မြန်နှုန်းမြင့်အင်တာနက်တစ်ခုကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားမျိုးနွယ်တွေ အချင်းချင်း မိမိနဲ့ အနီးကပ်ဆုံး မျက်နှာချင်းဆိုင်မြင်တွေ့နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။

ဒီလို အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ Operator တစ်ခုကို Lisa ရဲ့ အထာကျတဲ့ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ပေါင်းစည်းထားတာဟာ သုံးစွဲဖို့ စောင့်မျှော်နေတဲ့ ပရိတ်သတ်ဆီက ယုံကြည်မှု အပြည့်အဝ ရရှိလိမ့်မယ်ထင်ပါတယ်။

Lisa တစ်ယောက် ဘယ်လိုအထာကျကျ ကြော်ငြာရိုက်ကူးထားလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။

(ပိုပိုလေး)



Follow us on