1. Home
  2. Movie Stars - Celebrity

Public Area မှာ ​ဆေးလိပ်သောက်ခဲ့မိလို့ ပြန်တောင်းပန်ခဲ့တဲ့ အဆိုတော် Roy Wang

Movie Stars - Celebrity พ.ค. 24, 2562 view 1,601
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ နာမည်ကျော် တေးဂီတအဖွဲ့မှ အဖွဲ့ဝင် Roy Wang ဟာ လူအများနဲ့သက်ဆိုင်တဲ့ public နေရာတစ်ခုမှာ ဆေးလိပ်သောက်နေတဲ့ ရုပ်သံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
 
Roy Wang ဟာ မေလ ၂၀ မှာကျရောက်တဲ့ တရုတ်နိုင်ငံရဲ့  ချစ်သူများနေ့မှာ အပေါင်အသင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် Jia Nailiang ၊ Rocket Girls မှ အဖွဲ့ဝင် Yang Chaoyue တို့နဲ့အတူ အပြင်ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<
 
Roy Wang (ခေါ်) Wang Yuan ဟာ ဘေဂျင်းအလုပ်သမား အားကစားရုံအနီးက ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ရဲ့ အပေါ်ထပ်မှာ ဆေးလိပ်ဖွာနေတာကို  အမည်မသိလူတစ်ယောက်က ဗွီဒီယိုရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုက ကြည့်ရှုသူ ဆယ်သန်းကျော်သွားခဲ့ပြီး လူပြောများတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

 
Wang Yuan ဟာ ဒီနှစ်ထဲ အသက် ၁၈ ပြည့်ပြီးသူတစ်ဦးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ထင်သလောက် စိတ်မဆိုးခဲ့ကြပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ မြို့တော် ပေကျင်းရဲ့ ဥပဒေအရ လူသွားလူလာများတဲ့နေရာမျိုးမှာ ဆေးလိပ်သောက်ခြင်းကို ၂၀၁၅ ကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။ 
ဒါ့အပြင် Wang ဟာ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး လူငယ် ၃၀ စာရင်းမှာလည်း ပါဝင်ခဲ့တာကြောင့် သူ့ရဲ့ မထင်မှတ်တဲ့ လုပ်ရပ်ဟာ လူပြောစရာဖြစ်ခဲ့တာပါ.

ဒီအဖြစ်ပျက်ကြော့် Wang Yuan ဟာ သူ့ပရိတ်သတ်တွေကို မျက်နှာပျက်စေတဲ့အတွက် တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော် တောင်းပန်ပါတယ်၊ အခုဖြစ်သွားတဲ့ ကိစ္စရပ်ဟာ ကျွန်တော့်ကို ဒီလို ရောင်ပြန်ဟပ်လာလိမ့်မယ် မထင်ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ တိုင်းပြည်က နောင်လာနောက်သားတွေကို အတုယူမှားစေဖို့ ဒီလိုအမူအကျင့်အမှားပြီး ပြသမိတာ ရှက်ရွံ့မိပါတယ်။ ကျွန်တော့်လုပ်ရပ်ကြောင့် ဖြစ်လာတဲ့ ကိစ္စရပ်တိုင်းကို တာဝန်ယူဖြေရှင်းသွားမှာပါ၊ ကျွန်တော်ဟာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် နောင်ခါ ဒီလိုအပြုအမူအမှားမျိုး မလုပ်မိအောင် သတိထားပြီး နေထိုင်သွားပါ့မယ်။ ကျွန်တော့်ကို အတုယူပြီး ဒီလို အပြုအမူမျိုး လိုက်မလုပ်ကြဖို့ မျှော်လင့်မိပါတယ်။ အားလုံးကိုတောင်းပန်းပါတယ်၊ အခုဖြစ်ပျက်သွားတာကလဲ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ အခွင့်အလမ်းရောက်ရှိလာတယ်လို့ပဲ မှတ်ယူပါတယ်” ဟု ပြောကြားသွားပါတယ်။

(ပိုပိုလေး)

 



Follow us on