1. Home
  2. Special or Others

ဂြိုလ်တုအပိုင်းအစ ပြုတ်ကျပြီး သေဘေးမှ သီသီလေးလွတ်ခဲ့တဲ့ သံဃာတစ်ပါး

Special or Others พ.ค. 24, 2562 view 1,615
လာအိုနိုင်ငံမှ သံဃာတော်တစ်ပါးဟာ မိုးပေါ်က အရှိန်ပြင်းစွာနဲ့ ပြုတ်ကျလာတဲ့ ဂြိုလ်တုအပိုင်းစတစ်ခု ထိမှန်ပြီး အသက်ဆုံးရမယ့် ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့ပါတယ်။ 
 
 
ဘုန်းကြီးကျောင်းဝင်းအတွင်း သူမတ်တပ်ရပ်နေစဉ်  မီတာအနည်းငယ်သာ ကွာတဲ့နေရာကို တန်းတန်းမတ်မတ်ကြီး ပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ အပိုင်းအစဟာ ကမ္ဘာမြေပေါ် ပြန်လည် ပျက်ကျလာတဲ့ တရုပ်ဂြိုလ်တုက အပိုင်းအစဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလထဲမှာ တရုပ်ဂြိုလ်တု Tiangong 1 ဟာ သက်တမ်းကုန်ပြီး အာကာသထဲကနေ ကမ္ဘာမြေပေါ်ကို ပြန်လည်ပျက်ကျလာနေကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဂြိုလ်တုရဲ့ အစိတ်အပိုင်း အများစုဟာ ကမ္ဘာ့လေထုထဲ ရောက်လာစဉ် အာကာသထဲမှာပဲ မီးလောင်ပျက်ဆီးကုန်ကြပါတယ်။ ယခုပြုတ်ကျလာတဲ့ အစိတ်အပိုင်းဟာ မီးမလောင်ပဲ ကျန်ခဲ့တဲ့ အသေးအဖွဲ့  အစအနလေးတွေဖြစ်ပါတယ်။
 
 
အခုလို အာကာသထဲက အစိတ်အပိုင်းတွေ ကမ္ဘာပေါ် ပြန်ပြုတ်ကျလာတာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်တုန်းကလည်း နာဆာရဲ့ အစိတ်ပိုင်းတစ်ခုဟာ အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာရှိတဲ့ တူလ်ဆာပန်းခြံထဲမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးပေါ် ပြုတ်ကျပြီး လူသေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။ 
 
မီးမလောင်ပဲ ကမ္ဘာမြေပေါ်ပြန်ကျလာမယ့် တရုတ်ဂြိုလ်တုရဲ့ အပိုင်းအစတွေ ဘယ်လောက်ကျန်သေးလဲ မသိတော့ ကံကိုယုံကြည်အပ်နှံပြီး သွားကြလာကြရဦးမှာပါပဲ။
 


Follow us on