တောင်ကိုးရီးယား နာမည်ကျော် တေးဂီတအဖွဲ့ Kara မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂိုဟာရာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ ညသန်းခေါင်ယံအချိန်မှာ Cheongdam-dong ရှိ နေအိမ်တွင် ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့ကြောင်း ဂန်းနမ်ရဲစခန်းမှ အတိအလင်း ထုတ်ပြန်လာပါတယ်။ ကယ်ဆယ်ရေးအချိန်မီ ရောက်ရှိလာပြီးနေအိမ်မှာ မီးခိုးတွေရှာဖွေတွေ့ရှိခဲ့ပေမယ့် ဂူဟာရာကတော့ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရပါတယ်။ ဂူဟာရာ တစ်ယောက် ဘယ်လိုအခက်အခဲမျိုးနဲ့ ကြုံတွေ့နေရလို့ ဒီလို ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့သလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဂူဟာရာဟာ ပြီးခဲ့တဲ့ 2018 စက်တင်ဘာလမှာ ရည်းစားဟောင်းရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံခဲ့ရပြီး တရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ Choi Jong Bum အမည်ရှိ သူမရဲ့ ရည်းစားဟောင်းဟာ ဂူဟာရာကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများစွာရရှိနေခဲ့တာပါ။
ဒီလို ရိုက်နှက်စော်ကားမှုတွေကို သည်းမခံနိုင်တော့တဲ့ အဆုံး ဂူဟာရာက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်မှာ Choi Jong Bum ဟာ ဆံပင်ညှပ်ဆိုင် အသစ်ဖွင့်လှစ်ခဲ့ပြီး ဂူဟာရာအပေါ်ပြုလုပ်မိတဲ့ အမှားတွေကို လူမှုကွန်ယက်မှာ ဝန်ချတောင်းပန်ခဲ့ပါတယ်။
Choi Jong Bum အနေနဲ့ ဆံပင်ညှပ်ဆိုင် အသစ်ဖွင့်မှ ဝန်ချတောင်းပန်တာဟာ ဖောက်သည်မရမှာစိုးတဲ့အတွက် ဂူဟာရာကို ခုတုံးလုပ်နေတာဖြစ်ကြောင်း လူအများက ပြောလာကြပါပြီ။
ဒီအကြောင်းအရာတွေဖြစ်ပျက်ပြီး နောက်ပိုင်းရက်အနည်းငယ်မှာ ဂူဟာရာတစ်ယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ အမြန်ရောက်ရှိလာလို့ ဂူဟာရာတစ်ယောက် အသက်အန္တရာယ်ကနေ ကင်းလွတ်သွားတာကိုပဲ ကျေးဇူးတင်လှပါပြီ။
ဒီအကြောင်းအရာတွေဖြစ်ပွားပြီးနောက် ဂူဟားရားကိုယ်တိုင် အင်စတာဂရမ်အကောင့်မှာ သူမကို မစိုးရိမ်ကြဖို့ပြောနေခဲ့ပေမယ့် ပရိတ်သတ်တွေက သူမအတွက် စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ စိတ်ဓာတ်တွေကျနေပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့တဲ့ ဂူဟာရားတစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာလာအောင် ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)