Yuka Takaoka အမည်ရှိ အသက် ၂၁ နှစ်အရွယ် ဂျပန်မိန်းကလေးတစ်ဦးဟာ သူမနေထိုင်တဲ့ အဆောက်အဦးမှာ အသိမိတ်ဆွေ ယောကျင်္ားသားတစ်ဦးကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေး မေလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှာ တိုကျိုမြို့ရှိရဲများ သူမကိုလာရောက်ဖမ်းဆီးခဲ့ကြပါတယ်။ ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ သူမဘယ်လို ထွက်ဆိုခဲ့သလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။ first comment ကိုကြည့်ပါ။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Yuka Takaoka ဟာ သူမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ယောကျင်္ားသားတစ်ဦးကို နေထိုင်တဲ့ အဆောက်အဦးတွင် အစာအိမ်ရှိရာနေရာကို ဓားနဲ့အချက်ပေါင်းများစွာထိုးနှက်ခဲ့ပြီး အေးဆေးစွာ ဆေးလိပ်ထိုင်သောက်နေခဲ့ပါတယ်။ ဒီပုံမှာ ရဲများက သူမကို ချော့မော့ပြီး ခေါ်ဆောင်နေတဲ့ပုံပါ။ လူသတ်ပြီး ကျကျနန ဆေးလိပ်ထိုင်သောက်နေတဲ့ သူမရဲ့ ဓာတ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့ပြီးနောက် လူအများ ထိတ်လန့်ခဲ့ကြပါတယ်။

တစ်ဖန် ရဲက ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါ ကားပေါ်မှတစ်ဆင့် ဘာမှမဖြစ်သလို ထူးဆန်းစွာပြုံးပြနေတာဟာလဲ မြင်သူအပေါင်း ကျောချမ်းစရာပါပဲ။

ရဲစခန်းရောက်တဲ့အခါ သူမထွက်ဆိုပုံကတော့ ဒီလိုပါ။ “ကျွန်မသူ့ကို အရမ်းချစ်မိတဲ့အတွက် သတ်လိုက်မိတာပါ။ ဒါပြီးရင်လဲ ကျွန်မကိုယ်ကျွန်မ သတ်သေဖို့ စီစဉ်ထားပါတယ်” ဆိုပြီးထွက်ဆိုလာပါတယ်။

တစ်ဖန် Yuka Takaoka ရဲ့ အင်စတာဂရမ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူမဟာ anime နှစ်သက်စွဲလမ်းသူတစ်ဦးဖြစ်ပြီး ဆိုက်ကိုဆန်ဆန် စိတ္တဇ anime ကားတွေကို ကြည့်ရှုလေ့ရှိသူတစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။ Yuka ဟာ သူမကြည့်ရှုတဲ့ anime ထဲက ဇာတ်ကောင်တွေအတိုင်း လိုက်တုပြီး တကယ့်အပြင်မှာ လူသတ်မိတာဖြစ်မယ်ဟု လူမှုကွန်ယက်မှာ အငြင်းပွားမှုတွေဖြစ်ပေါ်လျက်ရှိနေပါတယ်။
(ပိုပိုလေး)