1. Home
  2. Movie Stars - Celebrity

ကစ်ကစ်ရဲ့လက်ရှိကျန်းမာရေးအကြောင်း ပြောပြလာတဲ့ အဆိုတော်ခင်သဇင်

Movie Stars - Celebrity พ.ค. 27, 2562 view 1,629

ပရိသတ်တိုင်းချစ်ခင်အားပေးကြတဲ့ ၀ါရင့် ဟာသနဲ့ဇတ်ပို့သရုပ်ဆောင် ကစ်ကစ်ဟာဆိုရင် နှစ်ရှည်လများ ဆီးချိုရောဂါဝေဒနာကိုခံစားခဲ့ရာမှ ကျောက်ကပ်ပါထိခိုက်ပျက်စီးကာ ဆေးကုသမှုကိုခံယူနေရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက သရုပ်ဆောင်ကစ်ကစ်တစ်ယောက် ကျန်းမာရေးအခြေအနေ ပြန်လည်ဆိုးရွားလာတာကြောင့် ဆေးရုံးတက်ကာဆေးကုသမှုခံယူခဲ့ရပြနီး ကစ်ကစ်သေဆုံးသွားပြီဆိုသည့်သတင်းတွေက အွန်လိုင်းတစ်ခွင်မှာပျံ့နှံ့လာခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုသတင်းကမဟုတ်မမှန်ကြောင်းကို ကစ်ကစ်ရဲ့ ကျန်းမာရေးကို အစအဆုံးတာဝန်ယူကုသပေးနေတဲ့ အဆိုတော်သရုပ်ဆောင် ခင်သဇင်မှ ပြန်လည်ဖြေရှင်းခဲ့ပြီး ယနေ့မှာလည်း ကစ်ကစ်ရဲ့လက်ရှိကျန်းမာရေးအခြေနေကို ပြောပြလာပါတယ်။

ခင်သဇင်ပြောထားတာကတော့ “အပွင့်အခက်တွေနဲ့ အပြိုင်မိုက်နေကြတဲ့ ညီမ နှစ်ယောက်… ဒီမနက် အလုပ်သွားခါနီး ဖုန်းဆက်တာ သူကိုယ်တိုင် ကိုင်ပြီး စကားပြောတာ ကြည်ကြည်လင်လင် အားအင် အပြည့်သံနဲ့.. ကိုယ်ထင်တာက ကိုယ် ဒီနှစ်ရက် မလာနိုင်လို့ ခါတိုင်းလို သူစိတ်ကောက်ပြီ ထင်နေတာ။ အခုတော့ ရယ်ရယ်မောမောပဲ အရမ်းဝမ်းသာရပါတယ်။ အားလုံးပို့တဲ့ မေတ္တာ တွေကြောင့်မို့လို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်မိပါတယ်။ ‘ဆေးရုံက အတင်းမဆင်းချင်နဲ့နော် ဆရာဝန်ကြီး ဆင်းခိုင်းမှ ဆင်းနော် ဆေးရုံကတော့ စိတ်အချရဆုံးပဲ.. ဟိုတခါလို အိမ်ပြန်ရောက်မှ ဖျားမှာ စိုးလို့’ ဆိုတော့ ‘အင်းပါ မဆင်းဘူးတဲ့’ လိမ္မာချက်ပဲ။ သူအနုပညာတွေပြန်လုပ်နိုင်အောင်လည်း ဆုတောင်းပေးကြပါဦးနော်” ဆိုကာ ကစ်ကစ်တစ်ယောက် ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာပြီဖြစ်ကြောင်းကို ပရိသတ်ကြီးသိအောင် မျှဝေထားပြီး ဆုမွန်ကောင်းတွေတောင်းပေးကြဖို့ပါ တောင်းဆိုထားတာဖြစ်ပါတယ်။

ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် ချစ်ရတဲ့ပရိသတ်ကြီးက တောင်းဆုတွေပြုခဲ့ပါဦးနော်…

 

(ပိုပိုလေး)



Follow us on