1. Home
  2. Movie Stars - Celebrity

ဝမ်းဘတ် Ong-Bak မင်းသား မတော်တဆမှုနဲ့ သေဆုံးသတင်း မမှန်ကန်(ရုပ်သံ)

Movie Stars - Celebrity พ.ค. 28, 2562 view 1,944
‘ဝမ်းဘတ်’ လို့ မြန်မာပရိသတ်တွေ သိထားတဲ့ Ong-Bak(အုန်းဘတ်) ဇာတ်ကားထဲက တံတောင်မင်းသား ‘တိုနီဂျား(Tony Jaa)’ ဟောလိဝုဒ် က ရုပ်ရုင်ရိုင်ကွင်းတစ်ခုမှာ သေဆုံးတဲ့သတင်း ပြီးခဲ့တဲ့ စနေနေက ထွက်ပေါ်လာခဲ့ပါတယ်။
 
>>Read More နဲ့ စာဖြန့်ချပါ<<
 
 
လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီသတင်းဟာ မမှန်ကန်ကြောင်း၊ သူအရှင်လတ်လတ်ကြီးရှိနေသေးပြီး ထိုးကြိတ်နိုင်ပါသေးတယ်လို့ ‘တိုနီဂျား’ နာမည်အရင်း (တက်ခရွန်ရီးရန်မ်) က သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
 
ပရိသတ်တွေ ပိုပြီးယုံကြည်အောင် သူ့ရဲ့ဖေ့စ်ဘွခ်မှာ “ထိုင်းနိုင်ငံက ကျွန်တော်ရဲ့ ချစ်မိတ်ဆွေများအတွက်” လို့ ခေါင်းစဉ်တပ်ပြီး ရုပ်သံလွှင့်ပြခဲ့ပါတယ်။ ရုပ်သံမှာတော့ သူသေဆုံးတယ်ဆိုတာ မဟုတ်ကြောင်း ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။
 
 
သူသေပြီဆိုတဲ့ သတင်းမှားကြီးဟာ ထိုင်းနိုင်ငံတွင်းမှာသာမက အခြားနိုင်င့တွေမှာပါ ပျံ့နှံ့နေပြီး ထိုင်းသတင်းဌါနတစ်ခုကဆိုရင် ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ မင်းသားကြီး သေဆုံးသွားခဲ့ပါပြီ၊ သူ့ရဲ့အလောင်းကို မွေးရပ်ဇာတိဖြစ်တဲ့ ဆူရင်ပြည်နယ်ကို ပြန်သယ်ပါတော့မယ် ဆိုပြီး တခမ်းတနား ရေးသားခဲ့ပါတယ်။ 
 
အခြားဝဘ်ဆိုက် တစ်ခုက ‘တိုနီဂျား’ ဟာ Fast & Furious 9 ရိုက်ကူးရင်းနဲ့ ၁၀ မီတာအမြင့်ရှိတဲ့ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျသေဆုံးကြောင်း ရေးသာဖော်ပြခဲ့ကြပါတယ်။
 


Follow us on